စစ်မှုထမ်းတပ်သားတို့၏ အလောင်းများကို ခင်းကာ စစ်တပ်က ရှေ့တိုးနေကြောင်း အမှတ်၁ ရွှေ ဘိုခရိုင်စစ်ဌာနက ထုတ်ပြန်လိုက်သည်။
အညာပြည်သူများနှင့် PDFရဲဘော်များက ရှေ့ဆုံးတန်းမှ အသေခံခိုင်းခြင်းခံနေရသော စစ်မှုထမ်းတပ် သားကို စာနာသနားနေကြပြီး မေတ္တာအစစ်အမှန်ဖြင့် ကြိုဆိုနေကြကြောင်းလည်း အမှတ်၁ ရွှေဘို ခရိုင်စစ်ဌာနက “စစ်ကိုင်းအညာခွင်ထဲသို့ မုံရွာအနောက်မြောက်တိုင်းစစ်ဌာနမှတစ်ဆင့် ရောက်လာ သော စစ်မှုထမ်းတပ်သားများသို့ ပေးစာ” တွင် ဖော်ပြထားသည်။
“မင်းတို့ ပစ(စစ်မှုထမ်းတပ်သား)ဘဝ ရောက်ကတည်းက မင်းတို့ရော မင်းတို့ မိသားစုဘဝတွေရော အမှောင်ထုထဲကို ရောက်ကြတာပါပဲ။ မင်းတို့မိသားစုတွေကလည်း မင်းတို့ မပြန်လမ်းကို ရောက်နေ တာလို့ပဲ ယူဆပြီး ပူဆွေးနေကြရတယ်။ ဒါတွေအားလုံးဟာ အခု မင်းတို့ကို အမိန့်ပေးကွပ်ကဲနေတဲ့ တပ်ချုပ်အပါအဝင် မြေပြင် စစ်တပ် တပ်မှူးတွေကြောင့်ပဲ။ မင်းတို့ကို ဒီလိုဒုက္ခရောက်အောင်လုပ်တဲ့ စစ်တပ်ကသာ မင်းတို့ရဲ့ ရန်သူအစစ်အမှန်ပဲ။ ငါတို့က မင်းတို့ အပါအဝင် မင်းတို့လို လူငယ်တွေကို မတရားစစ်မှုထမ်းခိုင်းနေတဲ့ စစ်အာဏာရှင်စနစ်ကိုတိုက်နေတဲ့ မင်းတို့ရဲ့ မိတ်ဆွေ အစစ်အမှန်တွေ ဖြစ်တယ်။ လာပါ။ ရုန်းထွက်ခဲ့ပါ”ဟု အမှတ်၁ ရွှေ ဘိုခရိုင်စစ်ဌာနက ဖိတ်ခေါ်သည်။
အညာမိုင်းအကြောင်းကို စစ်တပ်အရာရှိများနှင့် အခြားအဆင့်တို့က ကောင်းကောင်းသိသောကြောင့် သန္ဓေစစ်သားများကို ရှေ့တိုးမခိုင်းဘဲ စစ်မှုထမ်းတပ်သားများကိုသာ စစ်ကြောင်းရှေ့မှ သွားခိုင်းနေ ကြောင်းလည်း ဆိုသည်။
“အင်းတော်ဘက်က မြို့ပြန်သိမ်းတဲ့စစ်ကြောင်းတွေမှာရော အခု စစ်ကိုင်းထဲစစ်ကြောင်းထိုးနေတဲ့ တပ်တွေမှာရော ပစ တွေက ရှေ့ကနေ အသေခံရတဲ့ အသေခံတပ်သားတွေပါပဲ။ ပစ တွေသေတာကို စစ်တပ်က မနှမြောဘူး။သူတို့ရည်မှန်းချက်ပေါက်မြောက်ဖို့ကိုပဲ ခေါင်းထဲထည့် တယ်”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာရှိတစ်ဦးက MPAသို့ပြောသည်။
ယခုကဲ့သို့ စစ်မှုထမ်းတပ်သားများ အလင်းဝင်လာအောင် ဖိတ်ခေါ်ခြင်းကို ကြိုဆိုရမည်ဖြစ်ပြီး စစ်မှု ထမ်းတပ်သားများ အလင်းဝင်ရောက်မှု မြင့်တက်လာရန်အတွက် အဓိကကျသော တော်လှန်ရေးအ ဖွဲ့အစည်းများအနေနှင့် စစ်မှုထမ်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် နှီးနှောကာ မဟာဗျူဟာမြောက်အစီ အမံများ လုပ်ဆောင်ရန် လိုကြောင်း ၎င်းက ဆိုသည်။
“တပ်ထဲမှာကို ပစနဲ့ သန္ဓေ ဘယ်လောက်ခွဲခြားဆက်ဆံခံရသလဲ။ မင်းတို့ကို ချော့၍ တစ်ဖုံ၊ ခြောက်၍တစ်မျိုး အသေခံခိုင်းနေတာတွေကို မယုံစားမိစေနဲ့ ညီလေးတို့။ မင်းတို့ ဘာကြောင့် ပစအဖြစ် စစ်မှုထမ်းနေရတယ် ဆိုတာကို မမေ့ကြပါနဲ့”ဟု အမှတ်၁ ရွှေ ဘိုခရိုင်စစ်ဌာနက ပစ များသို့ပေးစာတွင် ဖော်ပြထားသည်။
အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားအများစုမှာ စစ်တပ်ကို ပြန်တော်လှန်နေကြကြောင်း MDSI ထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက် ရောက်မှု လေ့လာဆန်း စစ်ချက်”အစီရင် ခံစာ၌ ဖော်ပြထားသည်။
ဓာတ်ပုံ-BMT ပေ့ချ်
စာတည်း-ML
