ဈေးသည်ကို သတင်းပေးဟုစွပ်စွဲပြီး ရေးဘီလူးသတ်ဖြတ်ဆိုသည့် သတင်းအမှား

ရေးဘီလူးက ဈေးသည် တစ်ဦးကို သတင်းပေး ဟု စွပ်စွဲပြီး သတ်ဖြတ်ခဲ့ဆိုသည့် အကြောင်း အရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“Snow Queen” တယ်လီဂရမ်ချန်နယ်က မေလ ၂၉ ရက် ည ၈ နာရီ ၈ မိနစ်တွင် စခန်း ဗုံးကြဲခံထားရသည့် ရေးဘီလူးက ရေးဘီးလူးစခန်းအတွက် စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ပေးနေသည့် ဈေးသည် တစ်ဦးကို သတင်ပေးဟု စွပ်စွဲပြီး ဖမ်းဆီးသတ်ဖြတ်ပစ်ခဲ့သည် ဟု ဆိုကာ ဓာတ်ပုံတစ်ပုံနှင့်အတူ ဖြန့်ဝေနေသည်။

အဆိုပါ အကြောင်းအရာကို “Ye Yint Htet (#yyh)” တယ်လီဂရမ်ချန်နယ်က ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှုများခဲ့သည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/j25Ng
Ye Yint Htet (#yyh) – https://archive.ph/B433p

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ Sagaing Network News တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၁ ရက် ရက်စွဲဖြင့် ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။

Sagaing Network News တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်က စစ်သားတစ်ဦးကို ရေးဘီလူးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို လာရောက်ထောက်လှမ်းနေစဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/1sf0

Google တွင် “အာယုတောင်တွင် စစ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Independent Mon News Agency , Dawei Watch” တို့ကသတင်းဖော်ပြ ထားသည်။

သတင်းမီဒီယာများတွင် ၂၀၂၅ ခုနှစ် အောက်တို ဘာ ၂၀ ရက်က မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အာယု တောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း၊ ရေးမြို့ နယ်၊ ဖမ်းဆီးခံရသူသည် တောင်စွန်းကျေးရွာ အနီး ရော်ဘာခြံတွင် နေထိုင်ရင်း တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို ထောက်လှမ်းနေသူဖြစ် ကြောင်း၊ ဖမ်းဆီးရမိချိန်တွင် လက်နက်မပါရှိ သော်လည်း ရုံးပိုင်းနှင့် ကင်းစောင့်တပ်သား အဖြစ် လှုပ်ရှားနေသူဖြစ်ကြောင်း၊ အာယုတောင်ကျေးရွာ ပြည်သူ့စစ်အဖွဲ့သည် အရှေ့တောင်တိုင်းစစ်ဌာနချုပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့်အဖွဲ့ ဖြစ်ပြီး အာယုတောင်ကျေးရွာနှင့် အနီးနားတဝိုက်တွင် လှုပ်ရှားနေသည့် ပြည်သူ့စစ်အဖွဲ့ဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
Independent Mon News Agency – https://bitly.cx/bztH
Dawei Watch – https://bitly.cx/4TrPT

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ရေးမြို့နယ်၊ အာယုတောင်ကျေးရွာရှိ ပြည်သူ့စစ်တပ်ဖွဲ့ဝင် တစ်ဦးကို ရေးဘီးလူးအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။ ဖမ်းဆီးခံရသူသည် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းကို ထောက်လှမ်းနေစဉ် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါ ဖြစ်ရပ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၀ ရက်တွင် ဖြစ်ပွားခဲ့သော အကြောင်းအရာဖြစ်ကြောင်း တွေ့ရသည်။

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ရေးဘီလူးက ဈေးသည်တစ်ဦးကို သတင်းပေးအဖြစ် စွပ်စွဲပြီး သတ်ဖြတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်း အရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီ ဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။