နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ယုံကြည်ရသည့် အ ထောက်အထားပြရန် တောင်းဆိုသည့် proof of life ကမ်ပိန်းနှင့် ဆန္ဒပြပွဲကို တောင်ကိုရီးယား နိုင်ငံ၊ဆိုးလ်မြို့ရှိ တရုတ်သံရုံးရှေ့တွင် ကျင်းပမည်ဟု သိရသည်။
proof of life ကမ်ပိန်းနှင့် ဆန္ဒပြပွဲကို ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၁နှစ်ပြည့်မွေးနေ့ အထိမ်း အမှတ်အဖြစ် ဇွန်လ၁၄ရက်၌ မွန်းလွဲတစ်နာရီမှ ၃နာရီအထိ တောင်ကိုးရီးယားရောက် မြန်မာပြည်သူ ၁၀၀ကျော်ဖြင့် တရုတ်သံရုံးရှေ့တွင် ထိုင်သပိတ်ပုံစံမျိုး ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာ့ဖက်ဒ ရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်း ချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းထံက သိရ သည်။
တရုတ်သံရုံးရှေ့တွင် ကျင်းပရခြင်းမှာ တရုတ်အစိုးရက စစ်အုပ်စုအပေါ် ဩဇာကြီးသဖြင့် ဒေါ် အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် ကျန်းမာရေးအတွက် ဖိအားပေးစေလို၍ ဖြစ်ကြောင်း သိရ သည်။
ထို့အပြင် “တရုတ်အစိုးရအနေနဲ့ မြန်မာပြည်သူတွေရဲ့ ဆန္ဒတွေကို လျစ်လျူရှုပြီးတော့ စစ်ကောင်စီနဲ့ လက်တွဲ ဆောင်ရွက်နေတာတွေကို ကန့်ကွက်ရှုတ်ချကြောင်း ပြသချင်တာလည်း ပါတယ်”ဟု တ ရုတ်သံရုံးရှေ့ ၌ ဆန္ဒပြရခြင်းအကြောင်းကို ဦးကျော်ဆန်းက ပြောသည်။
proof of life ကမ်ပိန်းကို ကိုရီးယားအခြေစိုက် မြန်မာတော်လှန်ရေးအဖွဲ့များ စုပေါင်း ကျင်းပခြင်း ဖြစ်ပြီး NLD(ကိုရီးယား)က အဓိကတာဝန်ခံကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ယုံကြည်စိတ်ချရသည့် အထောက်အထားပြရန် တောင်းဆိုသော Proof Of Life ကို ကိုထိန်လင်း ဦးဆောင်ကာ ဧပြီ၂၁ရက်က စတင်ပြီး ပြည်တွင်း၊ ပြည်ပ၌ ကျင်းပလျက်ရှိသည်။
