မန္တလေးတိုင်း၊ ငါန်းဇွန်မြို့မှ ထွက်လာသည့် စစ်ကား မိုင်းဆွဲခံရပြီး ၅ဦး သေဆုံးခဲ့ကြောင်း သိရ သည်။
မေလ ၁၈ရက်၊ နံနက် ၇နာရီခန့်တွင် ငါန်းဇွန်မြို့မှ ၁၄မိုင်လမ်းသို့ ထွက်လာသည့် စစ်ကား ၂စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရှေ့ကားတစ်စီး မီးလောင်ပြီး ၅ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ ကြောင်း Youths Of Mandalay က သတင်းထုတ်ပြန်သည်။
” ၄လုံးဗျ။ ပွိုင့်ကြီး ၂လုံး။ ရှေ့ထွက် ၂လုံးဗျ။ ရှေ့ထွက်နဲ့ထိတာဗျ။ နောက်ကားက ပွိုင့်ကြီးထိတာ။ နောက်ကား နည်းနည်းလွဲသွားတယ်။ ထိခိုက်မှုက ၂ကားလုံးပဲဗျ။ ရှေ့ဆုံးက ကားပိုထိတာ။ နောက် က ကားက နည်းတယ်။ သေဆုံးတာက ရှေ့ကားထဲက သေတာ။ အရှေ့က ကားက ၂၀ လောက်ဗျ။ နောက်ကားက ၃၀ကျော်လောက်ရှိတယ်။ အရှေ့ဆုံးကားက တော်တော်အထိနာတယ်။ ၅ကောင် သေပြီး ကျန်တဲ့ကောင်တွေ တံတားဦးဆေးရုံကို ပို့ထားရတယ်” ဟု Youths Of Mandalay အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှုပြီးနောက် စစ်အုပ်စုဘက်က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် မိနစ် ၄၀ ကြာ ပစ်ခတ်ခဲ့သော်လည်း PDFရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
တိုက်ခိုက်ခံရပြီးနောက် ညနေ ၄နာရီကျော်တွင် မြို့ထဲသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။
” မြို့ထဲကို ၄ နာရီကျော်လောက်မှ ပြန်ဝင်သွားတယ်။ မပြန်ခင်မှာတော့ ၁၄မိုင်လမ်းမှာတော့ ကင်း တွေယူထားတယ်ဗျ ” ဟု ၎င်းက ဆက်လက်ပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်နေရာသည် ငါန်းဇွန်မြို့နှင့် ၅မိုင်ကျော်သာဝေးကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို Youths Of Mandalay နှင့် ငါန်းဇွန်မြို့နယ်ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ် ကြောင်းသိရသည်။
စစ်သားများ ထိခိုက်၊ သေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
