ဂွမြို့နယ် ကျိန္ဘလီတွင် စစ်တပ်ဗုံးကြဲမှုကြောင့် ဒဏ်ရာရရှိသော ပြည်သူများကို AA များဟု တံဆိပ်ကပ် ဝါဒဖြန့်ထားသော သတင်းအမှား

ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်တပ်ဗုံးကြဲခဲ့ရာ ထိခိုက်ဒဏ်ရာရရှိခဲ့သော ပြည်သူများကို AA တပ်ဖွဲ့ ဝင်များဟူ၍ သတင်းအမှားများ ဖြန့်ဝေနေကြသည်။

“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၂၃ရက် နံနက် ၁၁နာရီခန့်တွင် ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြိုနယ်၊ ကျိန္တလီဒေသရှိ အာရက္ခတပ်တော် (AA) ၏ စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပြု လုပ်ခဲ့ရာ AA တပ်ဖွဲဝင် ၉ ဦး သေဆုံးခဲ့ကြောင်း ရေးသား ဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/2bjUs

အခြားသော စစ်တပ်လော်ဘီချန်နယ်များကလည်း အဆိုပါ သတင်းအမှားကို ကူးယူဖြန့်ဝေထားကြသည်။

အဖိုးလေး – https://archive.ph/L7BNj
Min Din – https://archive.ph/ijDlb

စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာကို MPA fact-check team က အချက်အလက်စစ်ဆေး ရာ သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်နိုင်ခဲ့သည်။

သက်သေပြချက်

Google တွင် “ ရခိုင် ဂွမြို့နယ် ကျိန္တလီတွင် ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ရခိုင်ဒေသတွင်း သတင်းမီဒီယာများ နှင့် အခြားသော သတင်းမီဒီယာများက သတင်းဖြစ်စဉ်ကို ဖော်ပြထားကြသည်။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက်နှင့် အနီးပတ်ဝန်းကျင့်ကို စစ်အာဏာရှင်တပ်က မေ ၂၁ ရက် နံနက် ၉ နာရီကျော်တွင် ဂျက်တိုက်လေယာဉ် ၂ စင်းနဲ့ ဗုံး ၁၀ ကြိမ်ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးကြဲခံရမှုကြောင့် နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး အမျိုးသမီးများအပါအဝင် အရပ်သားပြည်သူ ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူ များမှာ ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်နေ ​ဦးညီငယ် (၃၉ နှစ်)၊​ ဒေါ်ပုမ (၆၅ နှစ်)၊​ ဒေါ်ခင်သက် (၃၂ နှစ်)၊ ​ဦးဌေးလွင် (၄၅ နှစ်)၊ ​ဒေါ်ခင်မိုး (၅၈ နှစ်)၊ ​ဒေါ်ကြည်ကြည် (၄၀ နှစ်)၊ ​ဦးမြင့်ဝင်းတင် (၆၂ နှစ်)၊ ​ပြည့်ဖြိုး အောင် (၃၃ နှစ်) နှင့် ​မေငယ် (၂၈ နှစ်) တို့ ဖြစ်ကြောင်း သတင်းမီဒီယာများက ဖော်ပြထားသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/Oz8uY
DMG – https://bitly.cx/RZhmC
People’s Spring – https://shorturl.at/8hzuA
နိရဥ္စရာ – https://shorturl.at/MQAQB
Western News – https://shorturl.at/UYNrT

သုံးသပ်ချက်

ရခိုင်ဒေသတွင်း မီဒီယာများနှင့် အခြားသော ယုံကြည်စိတ်ချရသည့် သတင်းမီဒီယာများက ဂွမြို့နယ် ကျိန္တလီမြို့ ကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဗုံးကြဲခံရမှုကြောင့် ပြည်သူများ ဒဏ်ရာရရှိမှုဖြစ်စဉ်ကို “‌AA တပ်ဖွဲ့ဝင် ကိုးဦး သေဆုံး”ဟု စစ်တပ်လော်ဘီများက သတင်းအမှားဖြန့်ဝေနေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza