တရားဝင်မှုရှာနေသော အတုအယောင်အစိုးရ

[ Photo Story ]

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဘက်ဘက်က အကျပ်ရိုက်နေသည့် စစ်အုပ်စုသည် ၎င်းတို့၏ စစ်ဝတ်စုံများကို အရပ်ဝတ်လဲကာ “အတုအယောင်အစိုးရ (Proxy Government)” တစ်ရပ်အဖြစ် အသွင်ပြောင်းပြီး နိုင်ငံရေးထွက်ပေါက်ကို ဗြောင်ကျကျ ရှာဖွေနေတော့သည်။

ယင်းသည် တိုင်းပြည်ကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ပို့မည့် ခြေလှမ်းမဟုတ်ဘဲ တော်လှန်ရေးအရှိန်အဟုန်ကို ဖြိုခွဲရန်နှင့် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး ဥပဒေအကာအကွယ်ယူထားသည့် “နိုင်ငံရေးထောင်ချောက် (Exit Trap)” ကြီး ဖြစ်သည်။

လက်ရှိတွင် စစ်အုပ်စုသည် စိတ်ကြိုက် ဆန်ခါတင်ထားသည့် လက်ဝေခံ ကဏန်းလက်မပါတီငယ်များ နှင့် အရပ်သားအမည်ခံပုဂ္ဂိုလ်များကို ရှေ့တန်းတင်ကာ ၎င်းတို့ကိုယ်တိုင် ဖန်တီးထားသည့် လွှတ်တော် တွင်း၌ “တရားဝင်အစိုးရ” အသွင် သရုပ်ဆောင်နေကြပြီ ဖြစ်သည်။

ဤအတုအယောင်အစိုးရဖြစ်စဉ် သည် နိုင်ငံရေးသမားများနှင့် အဖိနှိပ်ခံ ပြည်သူလူထုတစ်ရပ်လုံးအတွက် အလွန်အန္တရာယ်များသည့် မိုင်းကွင်းတစ်ခုဖြစ်ပြီး ယင်းထောင်ချောက် အန္တရာယ်ကို အမျိုးသားရေးသတိဖြင့် စောင့်ကြည့်ဖော်ထုတ် ကြရန် လိုအပ်နေပြီ ဖြစ်သည်။

“ဒါဟာ သူတို့စိတ်ကြိုက် ရုပ်သေးရုပ်တွေနဲ့ ကပြနေတဲ့ ပြဇာတ်တစ်ခုပါ။ လက်ရှိ အတုအယောင်အစိုး ရရဲ့ ယန္တရားထဲ ဝင်ရောက်ပတ်သက်မိတာနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူကို သစ္စာဖောက်ရာ ရောက်သွားလိမ့်မယ်။ စစ်ဗိုလ်ချုပ်တွေရဲ့ ထွက်ပေါက်အတွက် အသုံးချခံ ဖျော်ဖြေခံသက်သက်ပဲ ဖြစ် သွားမယ်” ဟု ပြည်တွင်းအခြေစိုက် နိုင်ငံရေးလေ့လာသူတစ်ဦးက သတိပေးသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါ အဝင် အဓိကအတိုက်အခံပါတီကြီးများကို အဓမ္မဖျက်သိမ်းကာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်အပါအဝင် နိုင်ငံရေးသမား အမြောက်အမြားကို မတရားပုဒ်မများနှင့် ပိတ်လှောင်ထားသည့် လုပ် ရပ်များမှာ စစ်တပ်က အလိုအလျောက်ရရှိထားသည့် ၂၅ ရာခိုင်နှုန်းသော လွှတ်တော်နေရာများနှင့် ပေါင်းစပ်ကာ ဤ “အတုအယောင်အစိုးရ” အား တရားဝင်မှုအတုအယောင် ဖန်တီးပေးရန် ဗျူဟာ မြောက် ပြင်ဆင်ခြင်း ဖြစ်သည်။

သန်းခေါင်စာရင်းမှသည် အတုအယောင်အစိုးရ၏ “ဒီဂျစ်တယ် စောင့်ကြည့်ရေး” လက်နက် ရွေး ကောက်ပွဲအတွက်ဟု အကြောင်းပြကာ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှတစ်ဆင့် ရယူထားသည့် အချက်အလက်များကို အသုံးချ၍ လက်ရှိ အတုအယောင်အစိုးရသည် “ဒီဂျစ်တယ်စောင့် ကြည့် ရေး (Digital Surveillance)” နည်းပညာသုံးကာ ပြည်သူများကို ဖိနှိပ်လျက်ရှိသည်။

ယင်းသည် သာမန် အရပ်သားအစိုးရတစ်ရပ်၏ သန်းခေါင်စာရင်း မဟုတ်ဘဲ တော်လှန်ရေးအင်အားစု များကို ထောက်ခံသူများ၊ PDF နှင့် CDM များကို လိုက်လံစုံစမ်းဖမ်းဆီးရန် ပြည်သူလူထုကို ပိုမိုတင်း ကျပ်စွာ ထိန်းချုပ်ထားသည့် ပိုက်ကွန်တစ်ခု ဖြစ်သည်။ ပြည်သူများအနေဖြင့် မိမိတို့၏ ကိုယ်ရေးအ ချက်အလက်များသည် စစ်ကောင်စီ၏ လက်နက်တစ်ခုအဖြစ် ဆက်လက်အသုံးချမခံရစေရန် အထူး သတိပြုဖို့ လိုအပ်သည်။

နိုင်ငံရေးသမားများနှင့် ပြည်သူလူထုအနေဖြင့် လက်ရှိ အတုအယောင်အစိုးရက ဖြန့်ခင်းထားသည့် ဘေးအန္တရာယ်များနှင့် ၎င်းတို့၏ ထွက်ပေါက်ဗျူဟာကို သိရှိနားလည်ထားရန် အရေးကြီးလှသည်။

လက်ရှိ “ကိုယ်စားလှယ်အစိုးရ” အမည်ခံသည် ၎င်းတို့ကိုယ်တိုင် တရားဝင်မှုရှိသည်ဟု ကြေညာပြီး၊ ဥပဒေစိုးမိုးရေး ခေါင်းစဉ်အောက်မှနေ၍ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအပေါ် နှိမ်နင်း မှုများကို နိုင်ငံတကာမျက်နှာစာတွင်ပါ “တရားဝင်အစိုးရ၏ လုပ်ဆောင်ချက်” အသွင် လုပ်ဆောင် နေပေသည်။

သို့သော်၊ နိုင်ငံတကာက ယင်းအတုအယောင်အစိုးရကို အသိအမှတ်မပြုသည့်အတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ လုံးဝရပ်တန့်နေဆဲဖြစ်ပြီး ပြည်သူလူထုမှာ ငွေကြေးဖောင်းပွမှုဒဏ်နှင့် မြန်မာကျပ်ငွေ တန် ဖိုးပြိုလဲမှုဒဏ်ကို ဆက်လက် အလူးအလဲ ခံစားနေရဆဲ ဖြစ်သည်။

ထို့အပြင် အသွင်ပြောင်း အစိုးရလက်ထက်တွင် အင်အားပြုန်းတီးနေသည့် စစ်တပ်အတွက် ပြည်သူ့စစ် မှုထမ်းဥပဒေကို ပိုမိုတင်းကျပ်စွာ အသုံးချပြီး အရွယ်ရောက်ပြီးသူ လူငယ်များကို အတင်းအကျပ် စစ် သားစုဆောင်းကာ ရှေ့တန်းသို့ ပို့ဆောင်နေသည့် ရက်စက်မှုများလည်း အရှိန်မြင့်နေဆဲ ဖြစ်သည်။

ပြည်သူလူထု၏ စစ်မှန်သည့် ဆန္ဒသဘောထားကို ၂၀၂၀ ရွေးကောက်ပွဲရလဒ်က အတိအလင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ အဆိုပါ ပြည်သူ့ဆန္ဒကို နင်းချေပြီး နိုင်ငံရေးထွက်ပေါက်ရှာရန် စစ်ဝတ်စုံမှ အရပ်ဝတ်လဲထားသည့် အတုအယောင်အစိုးရသည် တိုင်းပြည်ပြဿနာ၏ အဖြေမဟုတ်သလို၊ ဒီမိုကရေ စီဆီသို့ ဦးတည်ခြင်းလည်း မဟုတ်ပေ။

ထို့ကြောင့် အတုအယောင်အစိုးရ ယန္တရားအတွင်း ပါဝင်ပတ်သက်ခြင်း မပြုကြရန်နှင့် ပြည်သူလူထု အနေဖြင့် စစ်အုပ်စုခင်းထားသည့် နိုင်ငံရေးလှည့်ကွက်များကို တော်လှန်ရေးအသိ၊ သတိဖြင့် ရှုမြင် ကြရန် လိုပေသည်။

#PhotoStory #MPA #Myanmar