နွားထိုးကြီးမြို့ ယာယီအုပ်ကြီးများကို စစ်မှုထမ်းအတွက် လူ၈၀ စစ်တပ် ရှာခိုင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့တွင် စစ်တပ်က ရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူးများကို အစည်းအ ဝေးခေါ်ကာ စစ်မှုထမ်းအတွက် လူ၈၀ ရှာခိုင်းကြောင်း သိရသည်။

ဇူလိုင်၈ရက်တွင် စစ်တပ်က အစည်းအဝေးခေါ်ကာ စစ်မှုထမ်းအတွက် လူ၈၀ရှာပေးရန် ယာယီ အုပ်ချုပ်ရေးမှူးများကို ပြောခြင်းဖြစ်ကြောင်း မြင်းခြံခရိုင် PDF တပ်ရင်း၄ နှင့် တပ်ရင်း၁၀ တပ်ရင်း မှူး ရဲဘော်စိုး အောင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ရေးသားထားသည်။

“အခုဟာက သူတို့ ၁၅ရက်ကို အုပ်ကြီးတစ်ယောက် ရပ်ကွက်က ရွေးပြီး လုပ်ရတာ။သီးသန့်တစ် ယောက်တည်းတော့ လုပ်ခိုင်းတာမဟုတ်ဘူး”ဟု မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်က MPAသို့ ပြောသည်။

နွားထိုးကြီးမြို့ ရပ်ကွက်များအတွင်း အုပ်ချုပ်ရေးမှူးလုပ်လိုသူမရှိသူဖြင့် ယင်းသို့ ၁၅ရက်တစ် ယောက် ရွေးချယ်လုပ်ခိုင်းရခြင်းဖြစ်ကြောင်း သိရသည်။

“စခ က မြို့နယ်ရုံး(နွားထိုးကြီးမြို့နယ်ထွေအုပ်ရုံး)မှာ အစည်းအဝေးခေါ်ပြီး အဲဒီယာယီအုပ်ကြီးတွေ ကို ပစ(စစ်မှုထမ်းတပ်သား)၈၀ရှာပေးဖို့ တောင်းတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

နွားထိုးကြီးမြို့ပေါ်တွင် စစ်သားနှင့်ရဲ စုစုပေါင်း ၁၅၀ကျော်နှင့် ဌာနဆိုင်ရာဝန်ထမ်း အနည်းငယ်သာ ရှိကြောင်း သိရသည်။

“နွားထိုးကြီးမြို့ပေါ်မှာက ဟန်ပြအုပ်ချုပ်ရေးပဲ ရှိတော့တယ်။မြို့ပေါ်ကလူတွေလည်း တခြားမြို့ ပြောင်းသွားကြတာ လူတစ်ဝက်တော့ မကျန်တော့ဘူး။အခု ကျန်နေတဲ့လူတွေက ဘယ်မှမပြောင်း နိုင်လို့ ကျန်နေတဲ့သူတွေ။ လူငယ်တွေလည်း မရှိသလောက်ပဲ။အဲဒီကို လူ၈၀ တောင်းတာဆိုတော့ ဘယ်ကရှာပေးကြမလဲမသိဘူး”ဟု ၎င်းက ပြောသည်။

နွားထိုးကြီးမြို့ပေါ်ကိုသာ စစ်တပ်က စိုးမိုးထားနိုင်ပြီး ကျန်ရွာများကို PDF က ထိန်းချုပ်ထားသည်။

ဇွန်၃ရက်၊ နံနက် ၈နာရီခန့်တွင် မြင်းခြံခရိုင် PDF တပ်ရင်း၄ နှင့် တပ်ရင်း၁၀ တပ်ရင်းမှူး ရဲဘော်စိုးအောင်က နွားထိုးကြီးမြို့အဝင် ကြိုဆိုပါ၏ဆိုင်းဘုတ်ရှေ့၌ ရုပ်သံရိုက်ကူးကာ ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ထုတ်လွှင့်ခဲ့သေးသည်။