မန္တလေးတိုင်း၊တောင်သာမြို့နယ်အတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က ဖမ်းဆီးခဲ့ သည့် အရပ်သားကို သိန်း၂၀၀၀ဖြင့် ခြိမ်းခြောက်ပြန်ရွေးခိုင်းကြောင်း PDF ၏ ထုတ်ပြန်ချက်အပေါ် PLA က ငြင်းဆိုလိုက်သည်။
တောင်သာမြို့နယ်၊ဝဲလောင်ရွာနေ ဦးသန်းကို မေလ၂၆ရက်ညတွင် PLA က ဖမ်းဆီးခေါ်ဆောင်သွား ပြီးနောက် ဇွန်လ၁၈ရက်၌ သိန်း၂၀၀၀မပေးပါက ဦးသန်းအား သတ်ပစ်မည်ဟု ဇနီးဖြစ်သူထံ ခြိမ်း ခြောက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က ဇွန်၂၂ရက်ည တွင် ထုတ်ပြန်ထားသည်။
ပြည်သူ့ကာကွယ်ရေးတပ် မတော်-PDF က မထုတ်ပြန်မီ ဇွန်၂၂ရက်၊ည၇နာရီခွဲခန့်တွင် ငွေမပေးလျှင် ဦးသန်းကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ပါသလားဟု MPA ကမေးမြန်းခဲ့ရာ PLA ပြောရေးဆိုခွင့်ရှိ သူ ကိုဝေယံဖြိုးမိုးက ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ဇွန်လ၂၃ရက် နံနက်ပိုင်း၌မူ PLA က ရန်သူ့သတင်းပေး ဒလန်ကို ဖမ်းဆီးထားချိန်တွင် ၎င်း၏ အမျိုးသမီးဖြစ်သူက PLAထံသို့ ဆက်သွယ်ကာ ဖမ်းဆီးထားသူအား လွှတ်ပေးလျှင် သိန်း၂၀၀ ပေး မည်ဟု ကနဦး ပြောဆိုခဲ့ရာ PLA က ငြင်းပယ်ခဲ့ကြောင်း ထပ်မံ၍ သိန်း၅၀၀ပေးမည်၊ သိန်း၁၀၀၀ ပေးမည်ဟု ပြောဆိုခဲ့သော်လည်း ငြင်းပယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
PLAစခန်းထဲသို့ PDF တို့ဝင်ရောက်စဉ် ရဲဘော်များအိပ်သည့် အိပ်ဆောင်နေရာများ၌ ရည်ရွယ်ချက်ရှိ ရှိ မိုင်းများထောင်ထားခဲ့ရာ PDFရဲဘော်၄ဦး မိုင်းထိဒဏ်ရာဖြင့် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF က ထုတ်ပြန်ထားသည်။
PLA ပြောခွင့်ရ ကိုဝေယံဖြိုးမိုးကမူ စခန်းလုံခြုံရေးအတွက် ထောင်ထားသည့်မိုင်းများသာဖြစ်ပြီး မည် သည့်နေရာ၌ ထောင်ထားသလဲဆိုသည်ကို စခန်းတာဝန်ခံတို့ကသာ အတိအကျသိမည်ဟု ဆိုသည်။
“ပြောက်ကျားဝင် ပြောက်ကျားစခန်းလည်း ဖြစ်တယ်။ ပြီးတော့ ရန်သူကလည်း အကြိမ်ကြိမ်ပေါ့ နော်။ဝင်ရောက်စီးနင်းတဲ့ဟာတွေ၊ စစ်ကြောင်းထိုးတာတွေ၊ အဲဒါတွေကလည်း အကြိမ်ကြိမ်ကြုံရတဲ့ နယ်မြေဖြစ်တဲ့အခါမှာ ကျနော်တို့ စခန်းလုံခြုံရေးအတွက် မိုင်းတွေဆင်ရတာမျိုး ရှိတယ်ဗျ။မိုင်းက တော့ ဒါကတော့ ဘယ်နေရာတွေမှာ ထောင်တယ်ဆိုတာကတော့ အဲဒီစခန်းတာဝန်ခံတွေကတော့ အတိအကျ သိမှာပေါ့နော်။ဒါပေမဲ့၊မိုင်းထောင်ရတဲ့ သဘောသဘာဝကတော့ ရန်သူစစ်ကောင်စီက ဝင်ရောက်လာတဲ့အခါမှာ ကျနော်တို့ရည်ရွယ်ပြီးတော့ ကျနော်တို့ မိုင်းထောင်တာ ဖြစ်တယ်”ဟု ၎င်း က ပြောသည်။
မိုင်းများကို ရန်သူ မထင်မှတ်ထားသည့်နေရာ၊ အရေးကြီးအဆောက်အအုံနှင့် ရန်သူ အလွယ်တကူ သတိမမူဘဲ ဝင်ရောက်နိုင်သည့်နေရာများတွင် ထောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဒါကတော့ မိုင်းရဲ့သဘောသဘာဝကို သိကြတဲ့သူတွေ၊ မိုင်းနဲ့ပတ်သက်တဲ့ ဗျူဟာတွေကို သိကြတဲ့ သူတွေဆိုရင် ဒါကို ရှင်းရှင်းလင်းလင်း နားလည်ကြပါလိမ့်မယ်။ ဒီလိုနည်းနာတွေက ကျနော်တို့မှ မ ဟုတ်ပါဘူး။ရန်သူနဲ့ တိုက်ခိုက်ကြတဲ့အခါမှ တခြားသောအင်အားစုတွေလည်း အသုံးပြုကြတာ၊ ဒါက တော့ ပြည်သူတွေ၊ ရဲဘော်တွေအတွက် ရည်ရွယ်ပြီးတော့ ထောင်ထားတဲ့ မိုင်းဆိုတာတော့ လုံးဝမ ဟုတ်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
မည်သည့်တော်လှန်ရေးစခန်းတွင်မဆို စခန်းထဲသို့ ရန်သူဝင်ရောက်နိုင်ခြေရှိသည့်လမ်းများနှင့် စခန်း ခြံစည်းရိုးဝန်းကျင်၌သာ မိုင်းထောင်လေ့ရှိကြောင်း မြင်းခြံခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
