မလှိုင်တွင် စစ်တပ် ဒရုန်းဗုံး ထိမှန်ကာ လင်မယား၂ဦး ပွဲချင်းပြီး သေဆုံးဟုဆို

ဓာတ်ပုံ- Myanmar Digital News

မန္တလေးတိုင်း၊မလှိုင်မြို့နယ်၊သဘွတ်ကုန်းကျေးရွာထဲသို့ စစ်တပ်ကြဲချသည့် ဒရုန်းဗုံး ကျရောက် ပေါက်ကွဲခဲ့ရာ လင်မယားနှစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၊ရေခါးရွာ ဘုန်းကြီး၏ ဖိတ်ခေါ်မှုကြောင့် ရောက်ရှိနေသော စစ်တပ်သည် နယ်မြေ ချင်း ထိစပ်နေသည့် မလှိုင်မြို့နယ်၊သဘွတ်ကုန်းရွာထဲသို့ ဇွန်လ၂၄ရက်၊ည၇နာရီခန့်က ဒရုန်းဖြင့် ဗုံး ကြဲချခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသူများမှာ အသက်၄၀ ဝန်းကျင် အရွယ်ရှိ ဉီးဝင်းအောင်နှင့် ဒေါ်ခင် စန်းရီတို့ဖြစ်ကာ ၎င်းတို့၏သမီးဖြစ်သူ အသက်၁၄နှစ်အရွယ်ရှိ မငွေမန်းသူမှာ ခြေထောက်ထိခိုက် ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း လူထုသတင်းကွန်ယက် မလှိုင်မြို့က ယနေ့(ဇွန်၂၅ရက်) သတင်းထုတ် ပြန် သည်။

“အိမ်ပေါ်တည့်တည့်ကျတာ လင်မယား၂ယောက်က ပွဲချင်းပြီးပဲ။သမီးကိုတော့ ဆေးရုံပို့ထားတယ်။ အသက်အန္တရာယ်မရှိပေမဲ့ ခြေထောက်ထိတာ ဆိုးတယ်လို့ ကြားရတယ်”ဟု တောင်သာဒေသခံတစ် ဦးက MPAသို့ပြောသည်။

ဇွန်၂၄ရက်တွင် တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာဘက်မှ လာသည့် စစ်ကြောင်းသည် ရေခါးရွာဘုန်း ကြီးကျောင်း၌ တပ်စွဲထားပြီး မလှိုင်မြို့နယ်၊ပန်းအိုင်ဘက်မှ လာသည့်စစ်ကြောင်းက ရွာသာအေးရွာ ၌ တပ်စွဲထားကြောင်း သိရသည်။

“ရေခါးဘုန်းကြီးက ဖိတ်လို့ စစ်ကြောင်းရောက်လာတယ်ဆိုတာကတော့ ကျနော်လည်း အတိအကျ ကြီးတော့ မသိဘူးဗျ။တော်တော်များများက အဲလိုပဲ ပြောကြတယ်”ဟု ၎င်းက ဆက်လက်ပြော သည်။

ရေးခါးကျေးရွာ၊ ကမ္ဘာအောင်သိဒ္ဓိကျောင်းဆရာတော် ဦးနန္ဒိယသည် စစ်အစိုးရလက်ထက်က စစ် ဗိုလ်ချုပ်တို့ ကိုးကွယ်ကြပြီး အခါပေးခြင်းနှင့် ယတြာအစီအမံတို့ ပြုလုပ်ပေးခဲ့သူဖြစ်ကြောင်း လူထု သတင်းကွန်ယက် မလှိုင်မြို့က ထုတ်ပြန်ထားသည်။

ခြေထောက်ပြင်းထန်ဒဏ်ရာရသည့် မငွေမန်းသူကို မလှိုင်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထား ကြောင်း သိရသည်။

သဘွတ်ကုန်းကျေးရွာထဲတွင် PDFတပ်လည်း မရှိသလို အနီးဝန်းကျင်၌ တိုက်ပွဲလည်း ဖြစ်မနေဘဲ ဗုံးကြဲချခြင်းဖြစ်ကြောင်း လူထုသတင်းကွန်ယက် မလှိုင်မြို့က ဆိုသည်။