တောင်တွင်းကြီးနှင့် ရေစကြိုမြို့ပေါ်ရှိ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုများကို အာဏာသိမ်း အစိုးရတုက ဆက်လက်ဖယ်ရှား ဖျက်ဆီးခဲ့ကြောင်း သိရသည်။
မကွေးတိုင်း၊တောင်တွင်းကြီးမြို့၊ဗိုလ်ချုပ်ပန်းခြံအတွင်းရှိ အာဇာနည်ခေါင်းဆောင် ၉ဦး၏ ကြေးရုပ် တု များနှင့် ရေစကြိုမြို့၊လွတ်လပ်ရေးပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ်တုတို့ကို ဇူလိုင်၅ရက် ညနက်ပိုင်းမှ စတင်ကာ စစ်တပ်က ဖယ်ရှားဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။
“ကျနော်တို့ တောင်တွင်းကြီးက အာဇာနည်ကြေးရုပ်တုတွေက မန္တလေးမှာ သွန်းပြီးတော့မှ တောင် တွင်းကြီးကိုသယ်လာတာ။အများပြည်သူလှူဒါန်းမှုနဲ့ လုပ်တာ။၂၀၁၆တုန်းက အာဇာနည်နေ့မှ စတင် ဖွင့်လှစ်ခဲ့တာ၊အခုဒီမနက်ကြားရတဲ့သတင်းက လုံးဝဖျက်ပစ်ပြီတဲ့။ပန်းခြံထဲလည်း ဝင်ကြည့်လို့မရ ဘူး”ဟု ရန်ကုန်မြို့အခြေစိုက် တောင်တွင်းကြီးမြို့သားတစ်ဦးက MPAသို့ပြောသည်။
ရေစကြိုမြို့၊လွတ်လပ်ရေးပန်းခြံအတွင်းရှိ ဗိုလ်ချုပ်ကြေးရုပ်တုကိုလည်း စစ်တပ်က ခိုးကြောင် ခိုးဝှက် ဖျက်ဆီးခဲ့ကြောင်း ရေစကြိုပကဖတာဝန်ခံ ရဲဘော်ဝေကြီးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ ပေါ် ရေးသားထားသည်။
“၂၀၁၉ထင်တယ်။ဗိုလ်ချုပ်ကြေးရုပ်စတည်တာ။ ပြည်သူတွေလှူတဲ့ငွေနဲ့လုပ်တာ။မှတ်မိသလောက် ဆိုရင် ပြည်သူတစ်ဦးတည်းကနေ သိန်း၆၀ လှူတာရှိတယ်။နောက်တစ်ယောက်က ရေစကြိုရွာဘက် က၊သိန်း၂၀၀ကျော် လှူခဲ့တယ်”ဟု ရေစကြိုမြို့ခံတစ်ဦးက ဆိုသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူတို့၏ နှလုံးသားထဲတွင် ရှိနေသောကြောင့် ရုပ်တုဖျက်သ ဖြင့် ပျက်ရိုးထုံးစံမရှိကြောင်း ရဲဘော်ဝေကြီးက ပြောသည်။
ပုံစာ- တောင်တွင်းကြီးမြို့ရှိ အာဇာနည်ခေါင်းဆောင်တို့၏ ကြေးရုပ်တု။
