စစ်ကိုင်းတိုင်း ကသာခရိုင် ညောင်ခြေထောက်ရွာကို စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးခဲ့သော ပြည်သူများကို အကြမ်းဖက်သမားများဟူ၍ တံဆိပ်ကပ်၍ စစ်လော်ဘီများ သတင်းအတု ဖြန့်ဝေထားကြသည်။
Ka Ka Han တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၃၀ရက် မွန်းလွဲပိုင်းတွင် ဧရာဝတီအနောက်ခြမ်း ညောင်ခြေထောက်ရွာတွင် အကြမ်းဖက်အဖွဲ့တွေ ရှိတယ်ဟု ပြည်သူများ၏ သတင်းပေးမှုကြောင့် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်အားပေး မီဒီယာများက မဟုတ်မမှန် သတင်းရေးခြင်းဖြစ်ကြောင်း DVB TV News ၏ သတင်းကို screenshot ရိုက်ကူး၍ ဖြန့်ဝေထားသည်။
ဖြန့်ဝေထားသောလင့်ခ် – https://shorturl.at/rqzno
အခြားသော စစ်လော်ဘီချန်နယ်များကလည်း အဆိုပါ အကြောင်းအရာကို ကူးယူဖြန့်ဝေထားသည်။
သတင်းအတု ဖြန့်ဝေထားသော လင့်ခ်များ
ရွှေဘ – https://shorturl.at/1pe5K
24 Hour News – https://shorturl.at/rT5lz
Min Din – https://shorturl.at/hsqOR
စစ်လော်ဘီများ ဖြန့်ဝေထားသော သတင်းကို အချက်အလက်စစ်ဆေးကြည့်ရာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ တံဆိပ်ကပ်ထားသော သတင်းအတု ဖြစ်နေကြောင်း သိရသည်။
စိစစ်ချက်
DVB TV News ၏ သတင်း Screenshot တွေ့ရသဖြင့် သတင်းပေ့ချ်တွင် ဝင်ရောက်ရှာဖွေရာ စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် ညောင်ခြေထောက်ရွာရှိ ဘုန်းကြီးကျောင်းအနီးကို အောက်တိုဘာ ၂၉ ရက် ည ၁၀ နာရီ ၂၅ မှ ၁၀ နာရီ ၅၂ မိနစ်အထိ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးတစ်ဦး အပါအဝင် ပြည်သူ လေးဦး သေဆုံးခဲ့ကြောင်း ရေးထားသည်။ သတင်းအပြည့်အစုံ – https://shorturl.at/Obomx
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ကသာခရိုင် ညောင်ခြေထောက်ရွာ ဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ MFP, Myanmar Now, မြေလတ်အသံ တို့က သတင်းရေးထားကြသည်။
သတင်းများအရ ညောင်ခြေထောက်ရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များကို အောက်တိုဘာ ၂၉ရက် ညပိုင်း တွင် စစ်အုပ်စုက တိုက်လေယာဉ်ဖြင့် သုံးကြိမ်အထိ ဗုံးကြဲခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် ကလေးသူငယ်နှင့် အဖိုးအဖွားများ အပါအဝင် ငါးဆုံး သေဆုံး၍ ရှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဘုန်းကြီး ကျောင်း ဆောင်နှင့် ပြည်သူနေအိမ် ၁၄လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ရေးသားဖော်ပြထားကြသည်။
သတင်းလင့်ခ်များ
Myanmar Now – https://shorturl.at/oHxbZ
MFP – https://shorturl.at/oXcfL
မြေလတ်အသံ – https://shorturl.at/UNPyF
သတင်းများအရ စစ်တပ်က ညောင်ခြေထောက်ရွာရှိ ဘုန်းကြီးကျောင်းနှင့် နေအိမ်များပေါ်သို့ ဗုံးကြဲခဲ့ဖြင့် ကလေးငယ်၊ အဘိုးအဘွားတို့အပါအဝင် ငါးဦးသေဆုံး၍ ရှစ်ဦးဒဏ်ရာရခဲ့သည်။
ဗုံးဒဏ်ကြောင့် ထိခိုက်သေဆုံးသူများသည် ပြည်သူများဖြစ်ကြောင်း ဖော်ပြထားသဖြင့် စစ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာသည် တံဆိပ်ကပ်ထားသော သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
