သက်သက်ခိုင် အမတ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရပြီးနောက် မော်လမြိုင်ခရိုင်အတွင်းရှိ ပြည်သူ့ ရှေ့ ဆောင်ပါတီဝင်တို့မှာ အပြောအဆိုဆင်ခြင်ရန် အချင်းချင်းသတိပေးနေကြကြောင်း သိရသည်။
မော်လမြိုင်ခရိုင်အတွင်းရှိ ပြည်သူ့ရှေ့ဆောင်ပါတီဝင်အများစုမှာ ယခုနှစ်အတွင်းမှသာ မင်းအောင် လှိုင်မြှောက်စားခြင်းခံရသည့် ပြည်ထောင်စုဝန်ကြီး၏ ပါတီအဖြစ် အန္တရာယ်မရှိနိုင်ဟု ယူဆကာ ပါ တီဝင်ခဲ့ကြခြင်းဖြစ်ပြီး သက်သက်ခိုင် အမတ်လောင်းအဖြစ်မှ ပယ်ဖျက်ခံရပြီးနောက် ကြောက်ရွံ့နေ ကြကြောင်း ပါတီများနှင့်နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
“P ၃လုံး(ပြည်သူ့ရှေ့ဆောင်ပါတီ)တို့၊ ကိုကိုကြီးပါတီ(ပြည်သူ့ပါတီ)တို့ ဝင်တဲ့သူတွေက အကုန်အ ချောင်သမားတွေချည်းပဲလေ။စစ်တပ်ရွေးကောက်ပွဲဝင်တာ အဖမ်းမခံရနိုင်ဘူးဆိုတဲ့အသိနဲ့ နိုင်ငံရေး ယောင်ယောင်နဲ့ အမတ်ဖြစ်မလားလို့ စိတ်ကူးယဉ်နေတဲ့ကောင်တွေ။အဲပါတီတွေထဲဝင်တဲ့ကောင် တွေထဲမှာ အာဏာသိမ်းပြီးတော့ ခံဝန်ထိုးထားတဲ့ NLDသစ္စာဖောက်တွေလည်း ပါတယ်။အခုသူတို့အ မေသက်သက်ခိုင်တောင် အမတ်လောင်းပြုတ်တော့ အပြောအဆိုမတတ်ရင် အချိန်မရွေး ဆွဲစေ့ခံရ မှာသိပြီး အချင်းချင်းသတိပေးနေကြတာ”ဟု ၎င်းက MPAသို့ပြောသည်။
ပြည်သူ့ရှေ့ဆောင်ပါတီကို စစ်တပ်ထောက်ခံသောပါတီအဖြစ် ယုံကြည်ကာ ပါတီဝင်ခဲ့ပြီးမှ အချိန်မ ရွေးအန္တရာယ်ကျရောက်နိုင်သည်ဟု ယခုမှ သဘောပေါက်လာကြကြောင်း ၎င်းက ဆိုသည်။
“တခြားနေရာတော့ မသိဘူး။မွန်ပြည်နယ်မှာတော့ ပီသုံးလုံး(PPP)တို့ ပြည်သူ့ပါတီဝင်တို့ကို ကြံ့ဖွတ် က နဂိုကတည်းက သူတို့ဆီက အာဏာလာလုမယ့်ကောင်တွေဆိုပြီး အဖက်မလုပ်ဘူး။အခုသက် သက်ခိုင် ပြဿနာပေါ်တော့ ကြံ့ဖွတ်တွေက ဒီကောင်တွေ ဘာမှားမလဲလို့ စောင့်ကြည့်နေတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
ရွေးကောက်ပွဲဥပဒေပုဒ်မ၈(ဃ)ပါ “နိုင်ငံတော်နှင့် ပုဂ္ဂလိကသို့ မသင့်လျော် သည့် ပေးရန်တာဝန်များ ကင်းရှင်းသူ ဖြစ်ရမည်”ဆိုသည့်ပြဌာန်းချက်နှင့် ငြိစွန်းခြင်းကြောင့်ဟု ဆိုကာ အောက်တိုဘာ၂၅ ရက် တွင် ရွေးကောက်ပွဲကော်မရှင်က အမတ် လောင်းစာရင်းမှ ပယ်ဖျက်ခြင်းခံခဲ့ရသော သက်သက်ခိုင် သည် ရွေးကော်နှင့် မင်းအောင်လှိုင်ထံ ပြန်လည်စဉ်းစားပေးရန် အသနားခံစာတင်ထားကြောင်း သိရသည်။
၂၀၂၀၊ဩဂုတ်လတွင် မင်းအောင်လှိုင်နှင့် ၃၄ပါတီတို့ တွေ့ဆုံခဲ့ရာ၌ အာဏာသိမ်းရန် မင်းအောင် လှိုင်ကို မြှောက်ပေးသည့်အထဲ သက်သက်ခိုင်သည်လည်း ရှေ့ဆုံးကပါဝင်ခဲ့ကြောင်း သတင်းထွက် ခဲ့ကာအာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ခန့် လူကယ်ပြန်ဝန်ကြီးနှင့် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၁ မှ ၂၀၂၅၊ဇန်နဝါရီလကုန်အထိ တာဝန်ထမ်းခွင့်ရခဲ့သည်။
