တန်ဆောင်တိုင်လပြည့်နှင့် ရွှေတိဂုံစေတီတော်၏ သပ္ပာယ်ဖွယ် မြင်ကွင်း

ဓာတ်ပုံ-MPA

ယနေ့ဟာ ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့် တန်ဆောင်မုန်းလပြည့်နေ(ခေါ်) တန်ဆောင်တိုင် လပြည့်နေ့ဖြစ်ပါတယ်။ မြန်မာ့ ၁၂ ရာသီပွဲတော်တွေထဲကမှ တစ်ခုဖြစ်သည့် ကထိန်ပွဲကို တန်ဆောင်မုန်းနေ့မှာ ကျင်းပပြီးတော့ ယနေ့ဟာ ကထိန်ပွဲ နောက်ဆုံးနေ့လည်းဖြစ်ပေသည်။

ထို့ပြင် မြတ်စွာဘုရားရှင်က အဇာတသတ်မင်းကြီးအပါအဝင် ပရိတ်သတ်များစွာကို သာမညဖလသုတ္တန်တရားတော် ဟောကြားတော်မူခဲ့သည့် နေ့ထူးနေ့မြတ်ဖြစ်သည့်အတွက် တန်ဆောင်တိုင်လပြည့်နေ့ကို မြန်မာပြည်သူအများက နှစ်စဉ် ကထိန်သင်္ကန်းကပ်လှူပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

တန်ဆောင်မုန်းလပြည့်နေ့၏ ထုံးတမ်းစဉ်လာထဲ၌ ဆီးမီး ထွန်းညှိပူဇော်ခြင်း၊ မသိုးသင်္ကန်း ရက်လုပ်ကပ်လှူပွဲများကို မြန်မာနိုင်ငံအနှံ့ရှိ တန်းခိုးကြီးဘုရားများမှာလည်း နှစ်စဉ် ကျင်းပပြုလုပ်ကြသည်။

ထိုကဲ့သို့ မသိုးသင်္ကန်းကပ်လှူသည့် တန်ခိုးကြီးဘုရားများ၌ ရန်ကုန်မြို့ရှိ လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်ကြီးတွင်လည်း မသိုးသင်္ကန်းကပ်လှူမှုနှင့် ဘုရားဖူးပြည်သူများဖြင့် စည်ကားမှုများကို MPA က သတင်းဓာတ်ပုံများဖြင့် ပြန်လည်ဖော်ပြအပ်ပါသည်။