စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှောပင်ရွာကို PDF များက မီးရှို့ဖျက်ဆီးဆိုသော အကြောင်းအရာ စစ်ကော် မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၈ ရက် နံနက် ၁၀ နာရီ ၃၉ မိနစ်မှာ ရွှေဘိုမြို့တောင်ဘက် ခြမ်းက နှောပင်၊ လုံးတော်၊ သနပ်ချောင်း ရွာတွေကို PDF များက မီးရှို့ပြာချပြီး ထွက်ပြေးသွားကြောင်း၊ ဒါ ကြောင့် စစ်တပ် စစ်ကြောင်းထိုးကာ လိုက်လံနှိမ်နင်းနေရကြောင်း၊ မီးလောင်မှုများကို စစ်တပ်နှင့် ပြည်သူ့ စစ်များက ငြှိမ်းသတ်ခဲ့ပေမဲ့ မီးသတ်ကားမရှိသောကြောင့် ပြည်သူများ၏ နေအိမ်များကို မကာကွယ်နိုင်ခဲ့ ကြောင်း၊ နှောပင်ရွာမှာ ပြာကျသွားခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “Truth Media” တယ်လီဂရမ်ချန်နယ်က ကူးယူဖော်ပြထားသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/HDzGd
Truth Media – https://archive.ph/ZFxWm
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Mandalay Free Press-MFP” နှင့် “မြေလတ်အသံ” တို့က ဖော်ပြထားသော ဓာတ်ပုံများနှင့်ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၈ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှောပင်ကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အိမ်ခြေ ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ရွာရှိ ပြည်သူများမှာ စစ်ဘေးရှောင်နေသောကြောင့် လူထိခိုက်မှု မရှိခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ ၅ ရက် နှင့် ၇ ရက်များတွင် ရွှေဘိုမြို့၊ ဘုန်းဘွဲ့ရွာကို မီးရှို့ခဲ့သေးကြောင်း၊ နိုဝင်ဘာ ၆ ရက်က ရွှေဘို-မန္တလေးကားလမ်းပေါ်ရှိ ပကဖ ကင်းစခန်းတစ်ခုကို အလစ်ချောင်း စီးနင်းပြီး တော်လှန်ရေး ရဲဘော် ၇ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
MFP – https://bitly.cx/0R2Ow
မြေလတ်အသံ – https://bitly.cx/Io80U
ဆက်လက်အတည်ပြုနိုင်ရန် Google တွင် “ရွှေဘို နှောပင်ရွာ စစ်တပ်မီးရှို့” ဆိုသော စကားလုံးဖြင့် ရှာဖွေ ကြည့်ရာ “People’ Spring” နှင့် “Red Peacock” တို့က သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၈ ရက် နံနက် ၄ နာရီက စစ်ကိုင်းတိုင်း၊ ရွှေဘိုမြိုနယ်၊ နှောပင်ရွာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အဆိုပါ စစ်ကြောင်းသည် ဝက်လက်မြို့နယ် စိုင်နိုင်လေးရွာက ခွဲထွက်လာသော စစ်ကြောင်းဖြစ်ကြောင်း၊ နှောပင်ရွာကို သုံးနေရာခွဲကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဒေသခံ ရွာသားများမှာ စစ်ဘေးရှောင်နေသောကြောင့် လူ ထိခိုက်မှုမရှိခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/JrIBS
Red Peacock – https://bitly.cx/RH59F
သုံးသပ်ချက်
သတင်းမီဒီယာများတွင် နိုဝင်ဘာ ၈ ရက်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ နှောပင်ရွာကို စစ်တပ်က ဝင် ရောက်မီးရှို့ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ နှောပင်ရွာကို PDF များ မီးရှို့ဖျက်ဆီး” ဆိုသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို လုပ်ကြံဖန်တီးထားသော သတင်းအမှား ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
