ထိုင်းနိုင်ငံ အရာရှိများ၏ စစ်ဆေးမှုအရ မြန်မာနိုင်ငံသားတစ်ဦးသည် ဖူးခက်မြို့တွင် စားသောက်ဆိုင်ဖွင့်လှစ်ထားပြီး တရားမဝင်ဖွင့်လှစ်လုပ်ကိုင်သည်ဟု စွဲချက်တင်ခံခဲ့ရသည်။
ဒေသခံတစ်ဦး၏ တိုင်ကြားချက်အရ ဖူးခက်မြို့နယ်မှ လုံခြုံရေးအရာရှိချုပ် ဦးဆောင်သော အဖွဲ့သည် ဖူးခက်မြို့၊ ဘန်ကောက်လမ်းပေါ်ရှိ Public Market 1နောက်ဘက်၌ တည်ရှိသော “သူငယ်ချင်းဆိုင်” အမည်ရ စားသောက်ဆိုင်ကို စစ်ဆေးခဲ့သည်။
စစ်ရေးအဖွဲ့သည် အဆိုပါ စားသောက်ဆိုင်၌ ထိုင်းဝန်ထမ်းတစ်ဦးမှ မရှိဘဲ မြန်မာနိုင်ငံသား အလုပ်သမားများသာ လုပ်ကိုင်နေသည်ကို တွေ့ရှိခဲ့ကြောင်း၊ ဆိုင်၏ ဆိုင်းဘုတ်များ၊ မီနူးများနှင့် ဘောင်ချာများအားလုံးကို ထိုင်းဘာသာဖြင့်သာ ပြုလုပ်ထားသည်ကို တွေ့ရှိခဲ့ရပြီး လာရောက်စားသုံးသူ အများစုမှာလည်း မြန်မာနိုင်ငံသားများသာဖြစ်သည်ကို တွေ့ရှိသည်ဟုဆိုသည်။
စစ်ရေးအဖွဲ့များက အသက် ၃၇ နှစ်အရွယ် ဇော်မင်းလတ်ကို ဖမ်းဆီးခဲ့ပြီး အစားအသောက်မီနူးနှစ်ခု၊ မြန်မာဘာသာဖြင့် ရေးသားထားသည့် မှာယူလွှာ ၁၄ခုနှင့် ပို့ဆောင်ရေးဘောင်ချာများကို သိမ်းဆည်းခဲ့ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားသားများအတွက် ခွင့်မပြုထားသည့် အလုပ်အကိုင် လုပ်ကိုင်မှုအတွက် စွဲချက်တင်ခံခဲ့ရသည်။ (ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ စည်းမျဉ်းများအရ စာရေး၊ အတွင်းရေးမှူးနှင့် စာရင်းကိုင်အလုပ်များသည်လည်း ကန့်သတ်ထားသည့် အလုပ်များတွင် ပါဝင်သည်)။
ထို့နောက် ကိုဇော်မင်းလတ်နှင့် သက်သေခံပစ္စည်းများကို ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် Muang Phuket Police Station မှ စုံစမ်းစစ်ဆေးသူများထံ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။
