ထွက်ပြေးလာသည့် PDF များကို KNU က လူသတ်မှုဖြင့် စွပ်စွဲဖမ်းဆီးထားဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၂၁ ရက် နံနက် ည ၁၀ နာရီ ၃၆ မိနစ်တွင် KNDO တပ် ရင်း ( ၇ ) တပ်ခွဲမှ ထွက်ပြေးလာသည့် PDF လေးဦးကို ပြန်လည်ဖမ်းဆီးပြီး လူသတ်မှုတရားခံများ အဖြစ် အပြစ်ထိုးချနေကြောင်း၊ PDF လေးဦးမှာ နှုတ်ထွက်ခွင့်တင်သည့်အတွက် ချုပ်နှောင်ခံထားရရာကနေ ထွက် ပြေးလာသူများဖြစ်ကြောင်း၊ ၎င်းတို့လေးဦးကို KNDO က ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး CDM ဆရာမကို သတ်ဖြတ်သူများအဖြစ် အပြစ်ထိုးချနေကြောင်း၊ ဗမာ PDF များကို တမင်တကာ အပြစ်ပုံချနေခြင်း ဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို “Truth Media, Kyaw Swar” အပြင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂ ရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Dhnyj
Truth Media – https://archive.ph/Qz7dh
Kyaw Swar – https://archive.ph/IYK34
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Burma VJ” နှင့် “မောင်း” မီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် လုပ်ကြံခံခဲ့ ရသည့် ပုလောမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့တာဝန်ခံ CDM ဆရာမ ဒေါ်အေးသီအောင်နှင့်ခင်ပွန်းဖြစ် သူတို့အား လုပ်ကြံသတ်ဖြတ်သွားသူများကို ဖမ်းဆီးရမိသည်ဟု KNU က ထုတ်ပြန်ကြောင်း၊ ကျူးလွန်သူ များမှာ KNDO တပ်ရင်း(၇)၊ တပ်ဖွဲ့(၅) အချုပ်ထဲက ထွက်ပြေးသွားသူ အပြစ်သားများ ဖြစ်ကြောင်း၊ အဆို ပါ လေးဦးကို ပြန်လည်ဖမ်းဆီးပြီး စစ်ဆေးရာမှ သတ်ဖြတ်ခဲ့သည့် အမှုပေါ်လာခြင်းဖြစ်ကြောင်း ဖော်ပြ ထားသည်။
အပြည့်အစုံဖတ်ရန် >>>
Burma VJ – https://bitly.cx/0FiT
မောင်း – https://bitly.cx/wMiCt
Google တွင် “CDM ဆရာမ သတ်ဖြတ်သူ တရားခံများ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, KIC, သံလွင်ခက်” အပါအဝင် အခြားမီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမနှင့် ခင်ပွန်း ဖြစ်သူကို သတ်ဖြတ်ခဲ့သည့် တရားခံများကို KNU က ဖမ်းဆီးခဲ့ကြောင်း၊ တရားခံများမှာ KNDO တပ်ရင်း ( ၇ )၊ တပ်ခွဲ ( ၅ ) တွင် ချုပ်နှောင်ခံထားရသည့် ပြစ်မှုကျူးလွန်သူများဖြစ်ကြောင်း၊ ဒီဇင်ဘာ ၁၃ ရက်နေ့ တွင် အချုပ်ခန်းမှ ထွက်ပြေးသွားကြပြီး အထက်ပါ လူသတ်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ အရင်က တည်းက မူးယစ်ဆေးဝါး သုံးစွဲသူများဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/YLHCX
KIC – https://bitly.cx/nBWLS
သံလွင်ခက် – https://bitly.cx/Q4ca
KNU – မြိတ် ထားဝယ် ခရိုင်က လည်း အဆိုပါ အမှုကိစ္စနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၅ ရက်နေ့က ပုလောမြို့နယ် NUG ပညာရေးဘုတ်အဖွဲ့ဝင် ဆရာမနှင့် ခင်ပွန်း တို့ သတ်ဖြတ်ခံ ရမှုတွင် ကျူးလွန်ခဲ့သူများကို KNU က ဖမ်းဆီးရမိခဲ့ကြောင်း၊ ပြစ်မှုကျူးလွန်သူများမှာ ဒီဇင်ဘာ ၁၃ ရက် က KNDO တပ်ရင်း ( ၇ ) ၊ တပ်ခွဲ ( ၅ ) အချုပ်ခန်းမှ ထွက်ပြေးသွားကြသည့် အပြစ်သားများ ဖြစ်ကြောင်း၊ ၎င်းတို့ကို KNDO က ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးရာ လူသတ်မှုကိစ္စ ပေါ်လာခြင်းဖြစ်ကြောင်း၊ ကျူး လွန်သူများမှာ ဆရာမထံက ထမင်းသွားတောင်းရာ မပေးသည့်အတွက် ဓားဖြင့်ခုတ်ကာ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း၊ အပြစ်ရှိသူများကို ဥပဒေနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/OGP05
သုံးသပ်ချက်
သတင်းမီဒီယာများ နှင့် KNU ၏ ထုတ်ပြန်ချက်တွင် ပုလောမြို့နယ် NUG ပညာရေးတာဝန်ခံ ဆရာမနှင့် ခင်ပွန်းဖြစ်သူတို့ကို သတ်ဖြတ်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။
တရားခံများမှာ KNDO အချုပ်ခန်းကနေ ထွက်ပြေးသွားသည့် အပြစ်သားများဖြစ်ကြောင်း တွေ့ရသည်။ PDF ရဲဘော်များဟု ဖော်ပြထားခြင်း မတွေ့ရပါ။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ထွက်ပြေးသွားသည့် PDF များကို လူသတ်တရားခံများဖြစ် KNU လွှဲချ” ဆိုသည့် အကြောင်းအရာသည် လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
