ရွေးကောက်ပွဲအကြောင်းပြချက်ဖြင့် လူဖမ်း ငွေညှစ်ကာ ရန်ကုန်ရဲများ အလုပ်ဖြစ်နေဟုဆို

ဓာတ်ပုံ-RSN
ပုံစာ- ရန်ကုန်မြို့ပေါ်တွင် ကင်းလှည့်နေသော ရဲများ။(ပုံဟောင်း)

တရားမဝင် ရွေးကောက်ပွဲကာလ လုံခြုံရေးအကြောင်းပြချက်ဖြင့် လူဖမ်းပြီး ငွေညှစ်ကာ ရန်ကုန်ရဲများ အလုပ်ဖြစ်နေကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ ရဲများသည် ပြီးခဲ့သည့် ဒီဇင်ဘာမှ စတင်ကာ ရွေးကောက်ပွဲကာလ လုံခြုံရေးအကြောင်း ပြချက်ဖြင့် ရပ်ကွက်များအတွင်းသို့ ညဘက် ကင်းလှည့်ကာ လမ်းမပေါ်နှင့် လမ်းဘေးထိုင်နေသည့် လူငယ်များအား ဆက်တိုက်ဆိုသလို ဖမ်းဆီးနေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“နေ့ခင်းဘက်လည်း အရပ်ဝတ်နဲ့ ထွက်တယ်။တချို့မြို့နယ်တွေဆို ညဘက်လည်း ဖမ်းရလွယ် အောင် အိမ်စီးကားတွေနဲ့ ရပ်ကွက်ထဲ ပတ်တယ်။မိရင် သိန်း၃၀လောက်တောင်းတယ်။မပေးနိုင်တဲ့ သူတွေကို စစ်မှုထမ်းဈေးကွက်ထဲ ရောင်းစားတယ်”ဟု ၎င်းက MPAသို့ပြောသည်။

စစ်မှုထမ်းဈေးကွက်ထဲသို့ ရောင်းစားလျှင် တစ်ဦးကို ကျပ်၁၅သိန်းဝန်းကျင်ရရှိကြောင်း သိရသည်။

“လူဘယ်နှစ်ယောက် ဖမ်းမိသလဲဆိုတာကတော့ မသိနိုင်ဘူး။ဖမ်းမိတဲ့တချို့ကို လမ်းမှာတင် တစ်ခါ တည်း ငွေရအောင် ညှိတယ်။မရလို့ ရဲစခန်းထိ ရောက်လာတဲ့သူတွေကျတော့လည်း အချုပ်ထဲကို စာ ရင်းမပြဘဲ ထည့်ထားပြီး စစ်မှုထမ်းထဲ ရောင်းစားကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ရန်ကုန်မြို့တော်တွင်း လူဖမ်းရောင်းပွဲကို စစ်တပ်၊ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့၊ ပျူစောထီးနှင့် လူရောင်းစားသည့်ဂိုဏ်းတို့က အပြိုင်အဆိုင် ပြုလုပ်နေကြသည်။

“ကျနော့်စိတ်ထင်ပြောရရင် အခုနောက်ပိုင်း လူငယ်တွေ အဖမ်းခံရတာ နည်းလာတယ်။ မဖမ်းလို့တော့မဟုတ်ဘူး။ဖမ်းကြတယ်။ဖမ်းနေတာများလို့ ညဘက် အပြင်ထွက်တာနည်းလာလို့ လားတော့ မပြောတတ်ဘူး”ဟု လှိုင်မြို့နယ် စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြော သည်။

ဒီဇင်ဘာ၂၈ရက်မှ ဇန်နဝါရီ၄ရက်အတွင်း ရန်ကုန်မြို့ လမ်းများပေါ်သွားလာနေစဉ် ဖမ်းဆီးခံရသူ ၉ဦး ၊လမ်းဘေးထိုင်နေစဉ် ဖမ်းဆီးခံရသူ ၃ဦး၊ ဧည့်စာရင်းစစ်ပြီး ဖမ်းဆီးခံရသူ ၃ဦးနှင့် ဖမ်းဆီးသည့်အ ကြောင်းရင်း မသိရသူ ၃ဦး စုစုပေါင်း ၁၈ဦး ရှိကြောင်း Rangoon Scout Network က ယနေ့(ဇန်နဝါ ရီ၅ရက်) သတင်းထုတ်ပြန်ထားသည်။

ဒီဇင်ဘာ၁ရက်မှ ၇ ရက်အတွင်း ရန်ကုန်မြို့၊ သာကေတ၊ ကမာရွတ်၊ လှိုင်နှင့် တောင်ဥက္ကလာမြို့နယ်တို့ ရှိ လူငယ်အမျိုးသား ၄၀ ကို အရက်သောက်နေသည်ဟုဆိုကာ စစ်အုပ်စုဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း Rangoon Scout Network က ထုတ်ပြန် ထားသေး သည်။