AA ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများနှင့် မိသားစုဝင်များကို စစ်တပ်က ဗုံးကြဲသတ်ဖြတ်ခဲ့ပြီးနောက် AA များကို ဗုံးကြဲရှင်းလင်းဟူ၍ သတင်းအတုများ ဖြန့်ဝေနေကြသည်။
သတင်းမီဒီယာကဲ့သို့ အယောင်ဆောင်ထားသည့် “People Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် “ရခိုင်ပြည်နယ်၊ ကျောက်တော်မြိုနယ်နဲ့ ပုဏ္ဏားကျွန်းမြိုနယ်အစပ်၊ စစ်တွေ-ရန်ကုန် ကားလမ်းအနီးက ချောင်းတူ(ခ) ဆောင်းဒုံကျေးရွာ အနောက်ဘက်ရှိ အကြမ်းဖက် AA စခန်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းလိုက်ပါတယ်”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။
သတင်းအတုလင့်ခ် – https://bitly.cx/RcvA7
အဆိုပါအကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များစွာက ကူးယူဖြန့်ဝေနေကြ သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
Truth Waves – https://bitly.cx/mA41
နောင်ရိုးဟစ်တိုင် – https://bitly.cx/M6wbD
MawShan Myay – https://bitly.cx/6pvXQ
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို MPA က အချက်အလက်စစ်ဆေးကြည့်ရာ ကိုယ့်တပ်သားကိုယ် ဗုံးပြန်ကြဲပြီး သတင်းအတုဖြင့် ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။
သက်သေပြချက်
Google တွင် “ရခိုင်ပြည်နယ်တွင် စစ်သုံ့ပန်းများ ဗုံးကြဲခံရ”ဟု ရေးသားရှာဖွေရာ ရခိုင်ဒေသတွင်း သတင်းများ ကို ဦးစားပေးဖော်ပြနေသော Development Media Group, နိရဥ္စရာ သတင်းမီဒီယာနှင့် အခြားသော သတင်း မီဒီယာများက ဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြထားကြသည်။
သတင်းများတွင် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်၊ ချောင်းတူကျေးရွာအနီးရှိ စစ်သုံ့ပန်းနှင့် မိသားစုဝင်များ ထိန်းသိမ်းထားသည့် အကျဉ်းစခန်းတစ်ခုကို စစ်ကောင်စီက ဇန်နဝါရီ ၂၀ရက် ည ၇နာရီခွဲကျော်တွင် လေ ကြောင်း တိုက်ခိုက်ခဲ့သည့်အတွက် တိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်းနှင့် မိသားစုဝင် ၂၁ ဦး သေ ဆုံးပြီး ၃၀ ဦး အစုလိုက်အပြုံလိုက် ထိခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံး ၄ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းများ နေထိုင်သော အဆောင်နှင့် ဆေးခန်းတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး အစုလိုက် အပြုံလိုက် သေဆုံးမှုဖြစ်ကြောင်း သတင်းဖော်ပြထားသည်။
DMG – https://bitly.cx/zpG0T
နိရဥ္စရာ – https://bitly.cx/i2x5D
BBC – https://bitly.cx/1DA7u
MPA – https://bitly.cx/3773
AA၏ စစ်သုံ့ပန်းဖြစ်နေသော စစ်ကောင်စီတပ်သားများကို စစ်တပ်က ဗုံးပြန်ကြဲခြင်းဖြစ်သည်။
ကိုယ်တပ်သားများကိုယ် ဗုံးပြန်ကြဲသော စစ်တပ်၏ လုပ်ရက်ကို စစ်တပ်လော်ဘီများက “AA ကို ဗုံးကြဲ” ဟု ဖြန့်ဝေနေခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်ထားသော သတင်းအတုဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
