ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊လုံးခင်းနယ်မြေရဲစခန်းကို ကေအိုင်အေပူးပေါင်းတပ်က ဝိုင်းထားပြီဖြစ် ကြောင်း သိရသည်။
ယနေ့ ( ဖေဖော်ဝါရီ ၁၄ရက် ) နံနက် ၂နာရီ ခန့်က ဖားကန့်မြို့ဗျူဟာကုန်း၊ လုံးခင်းနယ်မြေရဲစခန်း၊ ထုံးဘို၊ သီလရှင်ကုန်းနှင့် အမှိုက်ပုံရွာတို့ရှိ စစ်တပ်အထိုင်စခန်းများကို KIA၊ KPDF ပူးပေါင်းတပ်က လက်နက်ကြီး၊ လက်နက်ငယ်နှင့် ဒရုန်းများဖြင့် တစ်ချိန်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နံနက် ၇နာရီခန့်အထိ တိုက်ပွဲဖြစ်ပွားခဲ့ကာ နေ့တစ်ပိုင်းရပ်နားခဲ့သည်။ထို့နောက် မွန်းလွဲ ၃နာရီခန့်မှ ညနေ ၆နာရီအထိ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
” ဖားကန့်ဗျူဟာကုန်းကို လက်နက်ကြီးနဲ့ ထုတာအပါအဝင် အဲဒီနေရာတွေကို ပိတ်ပြီး လုံးခင်းရဲစ ခန်းကို အဓိကထိုးတယ်။ ဖားကန့်မြို့ပတ်ဝန်းကျင်က စခန်းတွေကို တိုက်ခိုက်တာက လုံးခင်းနယ် မြေရဲစခန်းကို လက်နက်ကြီးပစ်ကူ၊ စစ်ကူမပို့နိုင်အောင် သွားတိုက်တဲ့သဘောပါ။ အဓိကက ရည် ရွယ်ချက်က ရဲစခန်းကို သိမ်းတာ။ မနက် ၇နာရီခွဲလောက်မှာ အသံငြိမ်သွားပြီး နှစ်ဖက်စလုံး စစ် ရေး ပြင်ဆင်ကြတယ်။ ပြည်သူတွေလည်း ရွှေ့ကြပြောင်းကြပေါ့။ ညနေ ၃ နာရီလောက်မှာ ပြန်စတာ ခုချိန်ထိ တောက်လျှောက်ဖြစ်နေတုန်းပဲ။ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းနဲ့ အပြန်အလှန်ချကြ တဲ့အသံတွေ ကြားနေရတယ် ” ဟု ယနေ့ ညနေ ၆ နာရီကျော်တွင်ဖားကန့်မြို့ စစ်ရေးသတင်းရင်းမြစ် က MPA ကို ပြောသည်။
လုံးခင်းရဲစခန်းသည် ကေအိုင်အေ ပူးပေါင်းတပ်၏ လက်ခုပ်ထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
” ပြောရမယ်ဆို ဘယ်ချိန် တက်ယူ ယူပေါ့၊ ယူလို့ရနေပြီ။ လေကြောင်းဂရုစိုက်နေရလို့သာ မသိမ်း သေးတာ။ လက်ခုပ်ထဲရောက်သွားပြီ၊ အကုန်လုံးဝိုင်းမိထားတဲ့ အနေအထားလို့ သိရတယ် ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဇန်နဝါရီ ၃၀ ရက်မှစ၍ စစ်တပ် စစ်ကြောင်းထိုးလာရာမှ ဖြစ်ပွားခဲ့သော ဖားကန့်မြို့ တိုက်ပွဲသည် ယနေ့တွင် ကေအိုင်အေပူးပေါင်းတပ်က ခုခံစစ်မှ တန်ပြန်တိုက်စစ်သို့ ပြောင်းလဲလာကြောင်း သိရသည်။
ယနေ့ ညနေ ၄နာရီခွဲခန့်က လုံးခင်းကျေးရွာ၊ တရုတ်စာသင်ကျောင်း ကလေးအဆောင်ပေါ်သို့ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျရောက်ခဲ့ပြီး ထမင်းစားနေသည့် ကလေးငယ် ၄ဦးအပါအဝင် ပြည်သူ၆ဦး ဒဏ်ရာရရှိခဲ့သည်။
