ဗိုလ်နဂါးကိစ္စနှင့်ပတ်သက်၍ KIA က ဗမာ PDF များကို ဖမ်းဆီးစစ်ဆေး ဆိုသည့် အကြောင်းအရာသည် စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီ ၁၉ ရက် ည ၁၀ နာရီ ၂၆ မိနစ်တွင် KIA အဖွဲ့က ဗိုလ်နဂါး အလင်းဝင်သွားသည့် ကိစ္စနှင့် ပတ်သက်ပြီး ဗမာ PDF များကို စစ်ဆေးမှုများ ပြုလုပ်နေပြီး အချို့ကို ဖမ်း ဆီးထားကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို “နောင်ရိုးဟစ်တိုင်၊ Min Din” တယ်လီဂရမ်ချန်နယ်ကလည်း ကူးယူ ဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/OGWnz
နောင်ရိုးဟစ်တိုင် – https://archive.ph/E0gcY
Min Din – https://archive.ph/JaUfK
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “ဗိုလ်နဂါး အဖွဲ့ဝင်များ ဖမ်းဆီးခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “သံလွင်ခက်၊ DVB၊ BBC” အပါအဝင် မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အဖွဲ့ဝင်များကို ရာဇဝတ်မှုများနှင့် ပတ်သက်၍ NUG က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း၊ တပ်ဖွဲ့ဝင် ၁၅၀ ခန့် ပူးပေါင်း ခဲ့ကြောင်း၊ ရာဇဝတ်မှုများတွင် သက်ငယ်မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်မှု၊ တော် လှန်ရေးတပ်ဖွဲ့ဝင်များအပေါ် နှိပ်စက်ညှင်းပန်းမှုများ ပါဝင်ကြောင်း၊ NUG လက်အောက်ခံ ယင်းမာပင်ခရိုင် ပကဖ ကလည်း ခရိုင်အတွင်းနေထိုင်သည့် BNRA တပ်ဖွဲ့ဝင်များ အနေဖြင့် လက်နက်ခဲယမ်းနှင့် ဆက်စပ် ပစ္စည်းများကို ခရိုင် ပကဖ ဆီ အပ်နှံဖို့ ထုတ်ပြန်ထားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
သံလွင်ခက် – https://bitly.cx/QXykd
DVB – https://bitly.cx/3mjQw
BBC – https://bitly.cx/Si6zw
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ဖေဖော်ဝါရီ ၁၈ ရက်တွင် BNRA အဖွဲ့ခေါင်းဆောင် ဗိုလ်နဂါးအပါအဝင် တပ်ဖွဲ့ဝင်များ၏ ရာဇဝတ်မှုများနှင့် ပတ်သက်၍ အရေးပေါ် သတင်းထုတ်ပြန်ခဲ့သည်။
ထုတ်ပြန်ချက်တွင် BNRA တပ်ဖွဲ့ဝင်များကို သက်ငယ်မုဒိမ်းမှု၊ အလောင်းဖျောက်မှု၊ လူသတ်မှု၊ ရိုက်နှက်မှု အပါအဝင် အမှု ၇ မှုဖြင့် NUG က အမှုဖွင့်ထားကြောင်း၊ ပြစ်မှုကျူးလွန်သည့် တပ်ဖွဲ့ဝင်များကို စုံစမ်းစစ် ဆေးရန်အတွက် လွှဲပြောင်းပေးရန် အကြောင်းကြားသော်လည်း လွှဲပြောင်းပေးခြင်း မရှိသည့်အတွက် ဖေ ဖော်ဝါရီ ၁၇ ရက်နေ့တွင် BNRA ဂိတ်စခန်းများကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ အပြန်အလှန် ပစ်ခတ်မှုဖြစ် ပွားခဲ့ကြောင်း၊ လက်ရှိတွင် တပ်ဖွဲ့ဝင်အချို့ကို လက်နက်များနှင့်အတူ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း၊ ထို့ အပြင် တပ်ဖွဲ့ဝင် ၁၅၀ ခန့်က ပကဖ များထံ ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/g7060
သုံးသပ်ချက်
သတင်းမီဒီယာများနှင့် NUG ထုတ်ပြန်ချက်အရ ဗိုလ်နဂါးဦးဆောင်သည့် BNRA အဖွဲ့ဝင်များကို အမှု ၇ မှု ဖြင့် NUG က အမှုဖွင့် အရေးယူထားပြီး တပ်ဖွဲ့ဝင်အချို့ကို ထိန်းသိမ်းထားကြောင်း၊ ပူးပေါင်းပါဝင်သည့် တပ်ဖွဲ့ဝင် ၁၅၀ ခန့် ရှိကြောင်း ဖော်ပြထားသည်။
ဗိုလ်နဂါး စစ်ကော်မရှင်တပ်ထံ လက်နက်ချသော ကိစ္စနှင့် ပတ်သက်၍ KIA က PDF များကို ဖမ်းဆီး ကြောင်း သတင်းမီဒီယာများတွင် ရေးသားခြင်းမရှိပါ။
ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက “ဗိုလ်နဂါး လက်နက်ချသည့်ကိစ္စနှင့်ပတ်သက်၍ KIA က PDF များကို ဖမ်းဆီးစစ်ဆေး” ဟု ဖြန့်ဝေနေခြင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
