ကာဗွန်ထုတ်လုတ်မှု လျှော့ချနိုင်ရန် NUG အစိုးရက စုံရက်များတွင် ညာနှာခေါင်းပေါက်နှင့် မ ရက်များတွင် ဘယ်နှာခေါင်းပေါက်ဖြင့် အသက်ရှုရန် စာထုတ်ဟု စစ်တပ်လော်ဘီများက သရော်လှောင်ပြောင်ကာ သတင်း အတု ဖြန့်ဝေနေကြသည်။
စစ်တပ်လော်ဘီအကြီးစား “မှိုင်းဝေ” တယ်လီဂရမ်ချန်နယက် ၂၀၂၆ ဖေဖော်ဝါရီ ၇ရက် မတ် ၆ရက် ည ၁၀နာရီခွဲ တွင် NUG တံဆိပ်ပါဝင်သော အမိန့်ကြေညာစာအတုကို ဖြန့်ဝေထားသည်။
စာအတုထဲတွင် စစ်ကော်မရှင်၏ စုံမ စနစ်ထက်သာလွန်ကောင်းမွန်စေရန်အတွက် စုံရက်များတွင် ညာဘက် နှာခေါင်းပေါက်ဖြင့်သာ အသက်ရှုရန် နှင့် မရက်များတွင် ဘယ်ဘက်နှာခေါင်းပေါက်ဖြင့်သာ အသက်ရှုရမည်ဖြစ် ကြောင်း၊ ညွှန်ကြားချက်ကို လိုက်နာခြင်းဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လုပ်မှုကို ၅၀% အထိ လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ စာအတု အောက်ဆုံးတွင် (ပုံ) ပြန်ထောင်စုဝန်ကြီးချုပ် မန်းဝင်ခိုင်သန်းဟူ၍ ပါဝင်သည်။
စာအတုလင့်ခ် – https://bitly.cx/PO2C
အဆိုပါ စာအတုကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေနေကြသဖြင့် ပျံ့နှံ့မှု များပြားနေ သည်။
သတင်းအမှားလင့်ခ်များ
ဖိုးမောင် – https://bitly.cx/fLDc
ရွှေဘ – https://bitly.cx/0b2o
စစ်သွေး – https://bitly.cx/2T1dQ
သရော်လှောင်ပြောင်ထားသော ထုတ်ပြန်ချက်ကို MPA fact-check team က အချက်အလက်စစ်ဆေးကြည့် ရာ သတင်းအတုဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သက်သေပြချက်
စုံမ စနစ်နှင့် ပတ်သက်၍ NUG အစိုးရအဖွဲ့၏ ကြေညာချက်ကို သိရှိနိုင်ရန် NUG အစိုးရအဖွဲ့၏ ဖေ့ဘွတ်ခ်နှင့် ဝက်ဆိုက်ဘ်တို့တွင် ရှာဖွေကြည့်ရာ အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိပါ။
NUG ဝက်ဆိုက်ဘ်လင့်ခ် – https://bitly.cx/ov0M
NUG ဖေ့ဘွတ်ခ်လင့်ခ် – https://bitly.cx/Lsqh2
NUG အစိုးရအဖွဲ့က ညာနှင့်ဘယ်နှာခေါင်းတဖက်စီဖြင့် အသက်ရှုရန် ထုတ်ပြန်ထားခြင်း မရှိကြောင်း သိရှိနိုင် သည်။
ယင်းအပြင် စစ်တပ်လော်ဘီများ ဖြန့်နေသော ကြေညာချက်စာထဲရှိ စာလုံးဖောင့် အမျိုးအစားနှင့် NUG က ထုတ်ပြန်သော ကြေညာချက်စာထဲရှိ စာလုံးဖောင့်တို့သည် ကွဲလွဲလျက်ရှိသည်။
NUG အစိုးရက မတ် ၂ရက်တွင် ကျရောက်သော (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့အတွက်ပေးပို့သည့် သဝဏ်လွှာ နှင့် နှိုင်းယှဉ်ကြည့်လျှင် ကွဲလွဲမှုများကို သိသာစွာ တွေ့မြင်ရနိုင်သည်။
NUG သဝဏ်လွှာလင့်ခ် – https://bitly.cx/pBKYr
သုံးသပ်ချက်
NUG ထုတ်ပြန်ချက်များနှင့် စစ်တပ်လော်ဘီများ ဖြန့်နေသော စာတို့သည် စာလုံးဖောင့်များ ကွဲလွဲလျက်ရှိသည်။
NUG အစိုးရ ဝက်ဆိုက်ဘ်နှင့် ဖေ့ဘွတ်ခ်တို့တွင်လည်း ဘယ်ညာ နှာခေါင်းပေါက် တစ်ခုစီဖြင့်သာ စုံမရက် အလိုက် အသက်ရှုကြရန် ထုတ်ပြန်ထားခြင်း မရှိပါ။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက သရော်လှောင်ပြောင်စွာဖြင့် NUG ကြေညာချက်ဟူ၍ သတင်းအတုကို ဖြန့်ဝေခြင်းဖြစ်ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းရက် အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
