အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးအတွက် အောက်ခြေစစ်သားများ၏ အသက်နှင့် ဘဝ ထပ်မံ ပေးဆပ်ကြရဦးမည်ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်ကဆိုသည်။
တစ်နိုင်ငံလုံးက ရှိသမျှရာထူးများ သိမ်းကျုံးရယူထားသော စစ်တပ်သည် သမ္မတရာထူးကိုပါ အကြမ်း ဖက်ရယူကာ အကြမ်းဖက်လမ်းစဉ်ကို လွှတ်တော်ထဲသို့ တရားဝင်တင်သွင်းရန် လုပ်နေပြီဖြစ် ကြောင်းလည်း ဆိုသည်။
“ဗိုလ်ချုပ်မှူးကြီး ယာယီသမ္မတဘဝကနေ သမ္မတရာထူးကို ပြောင်ပြောင်ပဲ ရယူလိုက်တယ်။အာဏာ သိမ်းကတည်းက ရာသက်ပန်သမ္မတလုပ်ဖို့ ရည်ရွယ်ခဲ့တာကြောင့် မထူးဆန်းပါဘူး။သမ္မတဖြစ်သွား လို့လည်း ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေနဲ့ ဝရမ်းပြေးဇာတ်ထုပ်က ပြီးသွားမှာမဟုတ်ပါဘူး။မအလ ကလည်း သမ္မတဖြစ်သွားလို့ အကြမ်းဖက်မှုတွေ ရပ်မှာ မဟုတ်ဘူး”ဟု နယ်စပ်ဒေသအခြေစိုက် CDMအရာ ရှိတစ်ဦးက MPAသို့ပြောသည်။
မတ်လအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်း စုစုပေါင်း ၃၆ဦးရှိပြီး ယင်းအထဲ၌ အလင်းဝင်လာသူ ၁၉ဦး ရှိကြောင်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန်သည်။
“အလင်းဝင်တဲ့အထဲမှာ ပစ(စစ်မှုထမ်းတပ်သား)တွေ အမျာဆုံးဖြစ်ပေမဲ့ ဒီလထဲ အလင်းဝင်နဲ့စစ်သုံ့ ပန်း မိတာ တော်တော်နည်းတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မတ်လအတွင်း အလင်းဝင်လာသူ ၁၉ဦးအနက် ၁၄ဦးမှာ စစ်မှုထမ်းတပ်သားများ ဖြစ်သည်။
ဖေဖေါ်ဝါရီလအတွင်း အလင်းဝင်နှင့် စစ်သုံ့ပန်းဖမ်းဆီရမိမှု စုစုပေါင်း ၁၉၉ဦးရှိပြီး ယင်းအထဲတွင် အလင်းဝင်လာသူ ၄၅ဦးရှိကြောင်း ပြည်သူ့ပန်းတိုင်၏ ထုတ်ပြန်ချက်များအရ သိရသည်။
စာတည်း-ML
