ပြည်သူကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသော စစ်တပ်၏ လုပ်ရပ်ကို မျက်ကွယ်ပြုမနေဘဲ လက်တွေ့ကျသည့် အရေးယူမှုများ ချက်ချင်းဖော်ဆောင်ရန် ကေအဲန်ယူက အာဆီယံနှင့် နိုင်ငံတကာအသိုင်းအဝိုင်းသို့ တိုက်တွန်းလိုက်သည်။
စစ်တပ်က ကရင်ပြည်နယ်အတွင်းရှိ အများပြည်သူအသုံးပြုနေသော ကျောင်း ၊ ဆေးရုံနှင့် အခြေခံအ ဆောက်အဉီများကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေပြီး စစ်တပ်၏ အရပ်သား များအပေါ် ပစ်မှတ်ထားသော စစ်ရာဇဝတ်မှုများသည် ကော်သူးလေနယ်မြေအတွင်းရှိ အခြားနေရာ များတွင်လည်း နေ့စဉ်ရက်ဆက် ဖြစ်ပွားလျက်ရှိကြောင်း ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို ထုတ်ဖော်ပြသခြင်းထက် လက်တွေ့ကျသည့် အရေးယူမှုများကို ချက်ချင်း အကောင်အထည်ဖော်ကာ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်စေရေး ထိရောက်သော တားဆီးကာကွယ်မှုများ လုပ်ဆောင်ရန် တိုက်တွန်းကြောင်းနှင့် ယင်းသို့ ထင်ရှား သည့် ဥပဒေချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများ ပိုမိုကျူးလွန်လာစေရန် အားပေးကူညီရာရောက်မည်ဖြစ်ကြောင်း ကေအန်ယူက သတင်းထုတ်ပြန် သည်။
“စစ်တပ်က သူတို့အာဏာအတွက် ဘာမဆိုလုပ်နေတာ မထူးတော့ပါဘူး။နိုင်ငံတကာကလည်း အတတ်နိုင်ဆုံး မမြင်ချင်ယောင်ဆောင်နေပြီး မမြင်လို့မရတော့ရင် ကြေညာချက်ထုတ်ပြီး ကန့် ကွက်တာ လုပ်ရိုးလုပ်စဉ်ပါပဲ။အခုတောင် နိုင်ငံတကာက စာထုတ်မကန့်ကွက်တာ နည်းနည်း ကြာပြီ။စာထုတ်ရတာ ပင်ပန်းလာလို့ထင်တယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ပြောသည်။
ဧပြီ ၁၅ ရက်၊ ညနေ ၄ နာရီခန့်တွင် မူတြော်ခရိုင်(ဖာပွန်ခရိုင်) ၊ ခဲပါထကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကာ ဘုရားရှိ ခိုးခန်းမဆောင်တစ်လုံး ၊ ထမင်းစားဆောင်တစ်လုံးနှင့် ဧည့်ခန်းမဆောင် တစ်လုံး ပျက်စီးခဲ့ကြောင်း ၊ ဧပြီ ၁၄ ရက်က မူတြော်ဂျူနီယာကောလိပ်၏ အဓိက အဆောက်အအုံ ၄ လုံးကို စစ်တပ်က ဗုံးကြဲခဲ့ ပြီး ဧပြီ ၁၂ ရက်တွင်လည်း မူတြော်ခရိုင်၊ ဦးမယ်ထာဆေးရုံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအ ဆောက်အအုံများ ပျက်စီးကာ ဆေးကုသမှုခံယူနေသော ပြည်သူများ ဒဏ်ရာရခဲ့ကြောင်း ကေအဲန် ယူက ဆိုသည်။
ယင်းသို့ စစ်တပ်က စစ်ရေး ပစ်မှတ်မဟုတ်သည့် ပြည်သူများကို ရည်ရွယ်တိုက်ခိုက်သည့် ရက်စက် ကြမ်း ကြုတ်မှုများကို ကေအဲန်ယူအနေဖြင့် စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ပြီး ပြင်းထန်စွာ ရှုတ်ချကြောင်းလည်း ထုတ်ပြန်ထားသည်။
