NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး ပြည်ပသို့ ပြန်လည်ထွက်ပြေးသွားပြီဆိုသည့် အကြောင်းအရာများ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၇ ရက် ည ၉ နာရီ ၂၅ မိနစ်တွင် NUG ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် ပြည်တွင်း၌ အခြေအနေမကောင်း၍ မိသားစုဝင်များရှိရာ ပြည်ပသို့ ပြန် လည်ထွက်ပြေးသွားပြီ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို “ဖိုးမောင်” တယ်လီဂရမ်ချန်နယ်က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Je5eJ
ဖိုးမောင် – https://archive.ph/b0oGa
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဒေါက်တာဇော်ဝေစိုး ပြည်ပထွက်ခွာခြင်းနှင့် ပတ်သက်၍ သတင်းဌာနများ က သတင်းဖော်ပြထားခြင်း မရှိပါ။
သတင်းမီဒီယာများနှင့် ဒေါက်တာဇော်ဝေစိုး၏ လူမှုကွန်ယက် ဖော်ပြချက်အရ ပြီးခဲ့သည့် ဧပြီ ၁၅ ရက်က ချင်းပြည် (Chinland) အစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက အကောင်အထည်ဖော်ခဲ့သော် Chinland Jordan School of Medicine ဆေးတက္ကသိုလ် ဖွင့်လှစ်ခြင်း အခမ်းအနားသို့ ဒေါက်တာဇော်ဝေစိုး တက်ရောက်ခဲ့ကြောင်းကို ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။
ကြည့်ရှုရန် >>>
People’s Spring – https://bitly.cx/Et39O
Government of Chinland – https://bitly.cx/jgk9c
အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) ကျန်းမာရေးနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးသည် မြန် မာနိုင်ငံအတွင်းသို့ ၂၀၂၅ ခုနှစ် ဧပြီ လတွင် ပြန်လည်ရောက်ရှိခဲ့ပြီး စိုးမိုးထိန်းချုပ်နယ်မြေများ၌ ကျန်း မာ ရေးစောင့်ရှောက်မှုများ နှင့် ပညာရေးဆိုင်ရာများကို လုပ်ဆောင်ခဲ့သည်။
ဒေါက်တာဇော်ဝေစိုးသည် ပြည်ပတွင် ရောက်ရှိနေသော NUG ဝန်ကြီးများ၊ အစိုးရတာဝန်ရှိသူများ ပြည် တွင်းသို့ ပြန်လာရန် ယာယီသမ္မတ ဒူဝါလရှီးလက ဖိတ်ခေါ်ခဲ့ပြီးနောက်ပိုင်းတွင် ပြည်တွင်းသို့ ပထမဆုံး ပြန်လည်ဝင်ရောက်လာသော ဝန်ကြီးလည်းဖြစ်သည်။
ပြန်လည်ဝင်ရောက်ပြီးနောက်ပိုင်း ပြည်ပသို့ ပြန်လည်ထွက်ခွာရန် မရှိတော့ကြောင်းလည်း မှတ်ချက်ပြု ပြောကြားခဲ့သည်။
သတင်းများ ကြည့်ရှုရန် >>>
The Irrawaddy – https://bitly.cx/AL0gm
The Voice of Spring – https://bitly.cx/nIOxs
သုံးသပ်ချက်
သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒေါက်တာဇော်ဝေစိုးသည် ပြည်တွင်းတွင် ဆက်လက်နေထိုင်ဆဲဖြစ် ကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ဒေါက်တာဇော်ဝေစိုး ပြည်ပသို့ ပြန်လည်ထွက်ခွာ” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
