ခင်ပွန်း၏ အဝတ်အစားပေါ်မှရရှိသည့် အနံ့အသက်မှတစ်ဆင့် အငယ်အနှောင်းဖြစ်သူကို တရားစွဲရန် ထိုင်းအမျိုးသမီး ပြင်ဆင်နေ

Thaiger

ထိုင်းအမျိုးသမီးတစ်ဦးသည် ခင်ပွန်းဖြစ်သူ၏ အဝတ်အစားများပေါ်တွင် ပုံမှန်မဟုတ်သော အနံ့အသက်များကို သတိပြုမိခဲ့ပြီးနောက်၊ ခင်ပွန်းဖြစ်သူနှင့် ဖောက်ပြန်သည်ဟု ယူဆရသော အမျိုးသမီးအား တရားစွဲဆိုရန် ပြင်ဆင်လျက်ရှိသည်။

အဆိုပါအမျိုးသမီးသည် ၎င်း၏ခင်ပွန်း လျှော်ဖွတ်ရမည့်အဝတ်အစားများတွင် သူစိမ်းအမျိုးသမီးတစ်ဦး၏ အနံ့ကို ရရှိရာမှ သံသယဝင်လာခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလအတွင်းက စုံစမ်းစစ်ဆေးမှုများ စတင်ခဲ့ခြင်းဖြစ်ကြောင်း သူမ၏ ရှေ့နေ ဟုန်ဟတ်တရာနှင့် ပုဂ္ဂလိက ထောက်လှမ်းရေးအဖွဲ့တစ်ခုတို့က အတည်ပြုထားသည်။

အဝတ်အစားများပေါ်ရှိ အနံ့အသက်များကို တိုက်ဆိုင်စစ်ဆေးခြင်းနှင့် စောင့်ကြည့်ခြင်းများ ပြုလုပ်ကာ သံသယရှိချက်များကို အတည်ပြုခဲ့သည်။

စုံစမ်းစစ်ဆေးသူများသည် ၎င်း၏ခင်ပွန်းနှင့် အခြားအမျိုးသမီးတစ်ဦးတို့၏ ပတ်သက်မှုကို အထောက်အထားများရယူရန်နှင့် သက်သေထွက်ဆိုချက်များ ခိုင်လုံစေရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ရုပ်ဖျက်ကာ အထောက်အထားများ စုဆောင်းခဲ့ကြသည်။

စောင့်ကြည့်စစ်ဆေးချက်များနှင့် လျှို့ဝှက်အချက်အလက်များ အပါအဝင် အလုံးစုံသော အထောက်အထားများကို ယခုအခါ ဥပဒေရေးရာအဖွဲ့ထံ တင်ပြထားပြီးဖြစ်သည်။

စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်များ ပြီးဆုံးသွားပြီဖြစ်သဖြင့် စုဆောင်းရရှိထားသော အချက်အလက်များကို အဆိုပါဇနီးသည်မှ တရားရုံးတွင် အငယ်အနှောင်းအမျိုးသမီးကို တရားဝင်အမှုဖွင့် တိုင်ကြားရာ၌ အထောက်အထားအဖြစ် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။