ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ကမ်းခြေမြို့ရှိ ပါတောင် (Patong) အရပ်တွင် မောင်းနှင်နေသည့် Tuk Tuk တစ်စီးပေါ်၌ လိင်ဆက်ဆံနေသော စုံတွဲတစ်တွဲ၏ ဗီဒီယိုဖိုင် လူမှုကွန်ရက်တွင် ပျံ့နှံ့သွားပြီးနောက်၊ အဆိုပါ နိုင်ငံခြားသားစုံတွဲကို မေလ ၄ ရက်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။
လူအများသွားလာရာ လမ်းမပေါ်ရှိ ဆိုက်ကားပေါ်တွင် လိင်ဆက်ဆံနေသည့် ၎င်းတို့စုံတွဲ၏ လုပ်ရပ်ကို လမ်းသွားလမ်းလာတစ်ဦးက ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းတွင် တင်ခဲ့ရာမှတစ်ဆင့် ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗီဒီယိုဖိုင်ကို မေလ ၃ ရက် နေ့တွင် “แฉยับ ภูเก็ต” အမည်ရှိ ဖေ့စ်ဘွတ်ခ်စာမျက်နှာက မျှဝေခဲ့ခြင်းဖြစ်ပြီး၊ ယခုကဲ့သို့သော အပြုအမူများသည် ကမ္ဘာလှည့်ခရီးသွား အနည်းစုကိုသာ ကိုယ်စားပြုခြင်း ဟုတ်၊ မဟုတ် မေးခွန်းထုတ်ထားသည်။
အဆိုပါ ပို့စ်တွင် ဖူးခက်ရှိ ခရီးသွားများ၏ အပြုအမူနှင့် ပတ်သက်၍ အများပြည်သူအကြား ဆွေးနွေးမှုများကို ကိုးကားထားပြီး၊ အချို့ကမူ ယခုကဲ့သို့သောသူများမှာ ခရီးသွားအားလုံး၏ ၀.၁ ရာခိုင်နှုန်းသာ ရှိသည်ဟု ဆိုကြသည်။
ဗီဒီယိုဖိုင်အတွင်း၌ အင်္ကျီအဖြူဝတ်ထားသော နိုင်ငံခြားသားအမျိုးသားမှာ မောင်းနှင်နေသည့် Tuk Tuk အတွင်း ထိုင်နေပြီး၊ အမျိုးသမီးကမူ ကားကြမ်းပြင်ပေါ်တွင် ဒူးထောက်ကာ ပါးစပ်ဖြင့် လိင်ဆက်ဆံပေးနေသည်ကို တွေ့ရသည်။
Tuk Tuk နောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် ထိုင်းအမျိုးသမီးတစ်ဦးက အဆိုပါ မြင်ကွင်းကို ဗီဒီယိုရိုက်ကူးရင်း – “ပါတောင်မှာတော့ ဒီလိုကိစ္စတွေ ခဏခဏပဲ။ ကိုယ်တိုင်မြင်ရတာတော့ ဒါပထမဆုံးပဲ။ ဟိုတယ်ရောက်တဲ့အထိတောင် မစောင့်နိုင်ကြဘူးလား” ဟု ပြောဆိုနေသည်ကို ကြားရသည်။
အဆိုပါ ဗီဒီယိုကြောင့် ၎င်းစုံတွဲသာမက Tuk Tuk မောင်းသူကိုပါ အွန်လိုင်းတွင် ဝေဖန်မှုများ ထွက်ပေါ်နေသည်။ အချို့က Tuk Tuk မောင်းသူအနေဖြင့် အများပြည်သူကြားတွင် ယခုကဲ့သို့ ပြုမူနေသည်ကို အဘယ်ကြောင့် ခွင့်ပြုထားသနည်းဟု မေးခွန်းထုတ်ခဲ့ကြသည်။
အချို့ကမူ ထိုအမျိုးသမီးမှာ လိင်လုပ်သားဖြစ်နိုင်သည်ဟု ခန့်မှန်းပြောဆိုနေကြသော်လည်း အာဏာပိုင်များဘက်ကမူ တစ်စုံတစ်ရာ အတည်ပြုထားခြင်း မရှိသေးပေ။
ဗီဒီယို ပျံ့နှံ့သွားပြီးနောက် ပါတောင်ရဲစခန်းမှ အရာရှိများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မနေ့က ထိုစုံတွဲကို ရှာဖွေတွေ့ရှိခဲ့သည်။ ရဲတပ်ဖွဲ့က ၎င်းတို့နှစ်ဦးမှာ နိုင်ငံခြားသားများဖြစ်ကြောင်း အတည်ပြုသော်လည်း မည်သည့်နိုင်ငံသားဖြစ်ကြောင်း အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။
၎င်းတို့စုံတွဲကို ဥပဒေအရ အရေးယူသွားမည်ဟု ရဲအရာရှိများက ပြောကြားထားသော်လည်း မည်သည့်ပုဒ်မဖြင့် အပြစ်ပေးမည်ကိုမူ မကြေညာသေးပေ။
ယခုဖြစ်ရပ်သည် ဖူးခက်တွင် ဖြစ်ပွားခဲ့သည့် အလားတူဖြစ်ရပ်များထဲမှ တစ်ခုဖြစ်သည်။ ပြီးခဲ့သည့်အပတ်ကလည်း ပါတောင်တွင် ဆိုက်ကားစီးလာသည့် နိုင်ငံခြားသားခရီးသွားတစ်စုမှာ အဝတ်အစားများ လှန်ပြခဲ့ကြသဖြင့် ဝေဖန်မှုများ ကြုံတွေ့ခဲ့ရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ပါတောင်တောင်ကုန်း (Patong Hill) ပေါ်တွင် ဆိုက်ကားစီးရင်း လိင်ဆက်ဆံခဲ့သည့် ပြင်သစ်စုံတွဲတစ်တွဲကို ဖမ်းဆီးခဲ့ဖူးသည်။ ၎င်းတို့ကို ဥပဒေအရ အရေးယူပြီးနောက် ပြည်နှင်ဒဏ်ပေးခဲ့ပြီး နာမည်ပျက်စာရင်း (Blacklist) ထည့်သွင်းခဲ့ကြောင်း သိရသည်။
