နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် ဆွစ်ဇာလန်နိုင်ငံက တောင်းဆိုလိုက်သည်။
နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းချက်ဆီသို့ ရှေးရှုနိုင်ရန်အတွက် နောက်ထပ်လိုအပ်သော အစီအမံများ ကိုလုပ်ဆောင်ရန်၊ အထူးသဖြင့် အရပ်သားများကို ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှု များ အပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်ရန်နှင့် လိုအပ်နေသူများအားလုံးထံသို့ အပြည့်အဝ၊ ဘေးကင်းပြီး အတားအဆီးမရှိသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်းများကို ခွင့်ပြုရန်လည်း မြန်မာနိုင်ငံ ဆိုင်ရာ ဆွစ်ဇာလန်သံရုံးက ယနေ့(မေ၆ရက်) တောင်းဆိုလိုက်သည်။
“ပြောစရာကတော့ တစ်ခုတည်းပါ။မင်းအောင်လှိုင် လွှတ်ပေးရဲလား။သတ္တိရှိရဲ့လား ဆိုတာပါပဲ”ဟု ရန်ကုန်အခြေစိုက် စာရေးဆရာတစ်ဦးက MPAသို့ပြောသည်။
ထိုသို့လုပ်ဆောင်ခြင်းဖြင့်သာ မြန်မာနိုင်ငံတွင် ငြိမ်းချမ်းပြီး ဒီမိုကရေစီကျသော အနာဂတ်အတွက် အဓိပ္ပာယ်ရှိပြီး အားလုံးပါဝင်နိုင်သည့် တွေ့ဆုံဆွေးနွေးရေး အခင်းအကျင်းတစ်ရပ်ကို ဖန်တီးပေးနိုင် မည်ဖြစ်ကြောင်းလည်း ဆိုသည်။
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့ခြင်းနှင့် ပြစ်ဒဏ်ကို တစ်စိတ်တစ်ပိုင်းလျှော့ချခြင်းဆိုင်ရာသတင်းများအား ဆွစ်ဇာလန်သံရုံးက ကြားသိရသည်ဟု ထုတ်ပြန်ထားသည်။
ယနေ့တွင် ဩစတြေးလျနှင့် ဗြိတိန်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။
