တရုတ် တွင် လက်ထပ်မှုနှုန်း ဆယ်စုနှစ်အတွင်း အနိမ့်ဆုံးသို့ ကျဆင်းသွား

ဓာတ်ပုံ - REUTERS
ပုံစာ - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ Huguo Guanyin ဘုရားကျောင်းတွင် လက်ထပ်ပြီးခါစ စုံတွဲများ ဓာတ်ပုံရိုက်ကူးနေစဉ်။

တရုတ်နိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်အတွင်း လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ခြင်းသည် ယခင်နှစ်ကာလတူထက် ၆.၂% ကျဆင်းသွားပြီး ၂၀၁၇ ခုနှစ်က အဆင့်ထက် ထက်ဝက်ခန့် လျော့နည်းသွားကြောင်း အစိုးရ၏ အချက်အလက်များက ဖော်ပြ သည်။

ယခုနှစ်သုံးလပတ်အတွင်း လက်ထပ်ထိမ်းမြားမှု မှတ်ပုံတင်ထားသူပေါင်း ၁.၆၉၇ သန်းရှိကြောင်း ပြည်တွင်းရေးရာဝန်ကြီးဌာနက မေလ ၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ ကျဆင်းသွားသည့် ကိန်းဂဏန်းများက တရုတ်နိုင်ငံ၏ လူဦးရေဆိုင်ရာ စိန်ခေါ်မှုများ ပိုမိုဆိုးရွားလာခြင်းကို ဖော်ပြနေသည်။

တရုတ်နိုင်ငံ၏ လူဦးရေသည် ၂၀၂၅ ခုနှစ်တွင် လေးနှစ်ဆက်တိုက်အဖြစ် ကျဆင်းသွားခဲ့ပြီး ကလေးမွေးဖွားနှုန်းသည်လည်း အနိမ့်ဆုံး စံချိန်တင် ကျဆင်းသွားခဲ့ရာ၊ လူဦးရေဆိုင်ရာ ကျွမ်းကျင်သူများက ထပ်မံကျဆင်းလာမည့် အခြေအနေကို သတိပေးထားကြသည်။

တရုတ်နိုင်ငံရှိ စုံတွဲ များသည် အစဉ်အလာအရ လက်ထပ်ပြီးမှသာ ကလေးယူလေ့ရှိကြသည်။ ၎င်းမှာ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းများကြောင့်သာမက အချို့သော ကလေးမွေးဖွားခြင်း မှတ်ပုံတင်ခြင်း သို့မဟုတ် ခံစားခွင့်များ ရရှိခြင်းတို့အတွက် လက်ထပ်စာချုပ်နှင့် ချိတ်ဆက်ထားသည့် အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများကြောင့်လည်း ဖြစ်သည်။

အာဏာပိုင်များအနေဖြင့် လက်ထပ်ခြင်းနှင့် ကလေးမွေးဖွားခြင်းကို အားပေးရန်အတွက် မိသားစုထောက်ပံ့ကြေးများ၊ ကလေးထိန်းကျောင်းဆိုင်ရာ ကူညီမှုများနှင့် ကလေးမွေးဖွားခြင်းနှင့်ဆိုင်သော ဆေးဝါးကုသစရိတ်များ လျှော့ချရေး အပါအဝင် နည်းလမ်းမျိုးစုံကို အရှိန်မြှင့် ဆောင်ရွက်လျက် ရှိသည်။