ရေးဘီလူးအဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည့် ခလရ(၁၀၆) ဒုတပ်ရင်းမှူးကို သာမာန်အမျိုးသားတစ်ဦး သာဖြစ်ကြောင်း စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက လိမ်လည်ထားသော သတင်းအမှား များ ဖြန့်ဝေနေကြသည်။
“MT News-Myanmar Transparency” တယ်လီဂရမ်ချန်နယ်က မေ ၁၂ ရက် နံနက် ၉ နာရီ ၅၁ မိနစ်တွင် ရေးဘီလူးအဖွဲ့က အမျိုးသားတစ်ဦးကို သတ်ဖြတ်ပြီး မွန်ပြည်နယ်၊ လမိုင်းမြို့၊ ခလရ(၁၀၆) တပ်ရင်းက ဒုတပ်ရင်းမှူးထွန်းရာကျော် ကို သတ်ဖြတ်နိုင်ခဲ့သည်ဟု ဆိုကာ သတင်းထုတ်ပြန်ထားကြောင်း၊ သတ်ဖြတ်ခံ ရသူမှာ ဒုတပ်ရင်းမှူးထွန်းရာကျော် ဖြစ်ကြောင်း အတည်မပြုနိုင်သေးကြောင်း၊ ဖြစ်စဉ် မှန် မမှန် တာဝန်ရှိ သူများကို ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို အခြားသော စစ်လော်ဘီချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများ ပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/bjOKy
D.I Thameedaw – https://archive.ph/ZxOyz
Min Din – https://archive.ph/do8LW
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
Google တွင် “ဒုတပ်ရင်းမှူး ထွန်းရာကျော် သေဆုံး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “မောင်း၊ Mon News Agency, Mizzima” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်အခြေစိုက် ခလရ(၁၀၆) တပ်ရင်းက ဒုတပ်ရင်းမှူး ထွန်းရာကျော် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း၊ မေလ ၁၁ ရက် ညနေ ၆ နာရီခွဲ ဝန်းကျင် တွင် ၎င်းက သက်တော်စောင့် သုံးဦးနှင့်အတူ လမိုင်းမြို့ထဲသို့ ဈေးဝယ်ထွက်စဉ် ရေးဘီလူးအဖွဲ့က တိုက် ခိုက်သတ်ဖြတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒုတပ်ရင်းမှူး ထွန်းရာကျော်သည် သေနတ်ဒဏ်ရာ ငါးချက်ရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲကြောင်း၊ ပြီးခဲ့သည့် ဧပြီလကလည်း ရေးမြို့နယ်ရှိ ပျူစောထီး ခေါင်းဆောင် မောင်နိုင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>>
မောင်း – https://bitly.cx/moX6p
Mon News Agency – https://bitly.cx/CcL0C
Mizzima – https://bitly.cx/aYdm
ရေးဘီလူးတပ်ဖွဲ့၏ ဖေ့ဘွတ်ခ်တွင် အဆိုပါ ပစ်ခတ်ရှင်းလင်းမှုနှင့်ပတ်သက်၍ ရေးဘီလူး ကိုယ်တိုင် ပြော ကြားရှင်းလင်းထားသည်။ ရုပ်သံဖိုင်တွင် လမိုင်းမြို့ဈေးသို့ ဈေးဝယ်လာသည့် ဒုတပ်ရင်းမှူး ထွန်းရာကျော် ကို အဖော်ပါလာသည့် စစ်သားများက ဈေးဝယ်ထွက်နေချိန် ကားပေါ်၌ တစ်ယောက်တည်း ဖုန်းပြောနေ စဉ် ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ စုံစမ်းနေသည်မှာ ကြာပြီဖြစ်ပြီး ယခုမှ ရှင်းလင်းနိုင်ခဲ့ခြင်းဖြစ် ကြောင်း၊ လမိုင်းမြို့ရဲစခန်းနှင့် မီတာ ၁၀၀ အကွာတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ဒုတပ်ရင်းမှူးမှာ မွန်ပြည်နယ်တွင် ပြည်သူများကို မတရားအနိုင်ကျင့် အုပ်ချုပ်နေသူဖြစ်ကြောင်း ပြောကြား ထားသည်။
အပြည့်အစုံကြည့်ရှုရန် >>> https://bitly.cx/MHm5H
သုံးသပ်ချက်
စိတ်ချယုံကြည်ရသော သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ခလရ(၁၀၆) တပ်ရင်း ဒုတပ်ရင်းမှူး ထွန်းရာ ကျော်ကို ရေးဘီလူးအဖွဲ့က လုပ်ကြံရှင်းလင်းခဲ့ခြင်းဖြစ်သည်။
ထို့သို့ ရှင်းလင်းခံရမှုကို သာမာန်အမျိုးသားတစ်ဦးကို လုပ်ကြံခြင်းသာဖြစ်သည်ဟု စစ်တပ်လော်ဘီများက လိမ်လည်၍ သတင်းအမှား ဖြန့်ဝေနေခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
