သထုံမြို့ပေါ်တွင် ပျူစောထီး ဖိုးထူးသားအဖ တစ်ရပ်ကွက်သားများပင်မချန် ဖမ်းဆီးငွေညှစ် စီးပွားဖြစ်နေ

ဓာတ်ပုံ-Greetting from Myanmar
ပုံစာ- သထုံမြို့ မြင်ကွင်း။(ပုံဟောင်း)

မွန်ပြည်နယ်၊သထုံမြို့ပေါ်တွင် ပျူစောထီး ဖိုးထူးသားအဖက ဒေသခံများကို ဖမ်းဆီးငွေညှစ်ခြင်း အလုပ်ကို ဇောက်ချလုပ်ကိုင်ကာ စီးပွားဖြစ်နေကြောင်း သိရသည်။

စစ်တပ်က ကျောထောက်နောက်ခံပြုထားသော ဖိုးထူးသားအဖသည် သထုံမြို့၊သိမ်ကုန်းရပ်ကွက်၊ ရေကန်ရပ်တွင် နေထိုင်ပြီး တစ်ရပ်ကွက်သားများကိုပင် မချန်ဘဲ ဖမ်းဆီးငွေညှစ်ကာ ငွေမပေးနိုင်ပါ က စစ်မှုထမ်းထဲသို့ ပို့ဆောင်နေကြောင်း မွန်ပြည်နယ်ပကဖ၊ဒုတာဝန်ခံ စောထူးအောင် ကပြော သည်။

“၁၂ရက်နေ့ညက သူတို့တစ်ရပ်ကွက်သား သားအဖ၂ယောက် ည၈နာရီကျော်ခါစပေါ့။ ဆိုင်ကယ်၂ ယောက်စီးပြီး အပြင်ကနေ ပြန်လာတာကို ဆိုင်ကယ်ကို ယောကျာ်းလေး၂ယောက်စီးတဲ့အမှုနဲ့ ဖမ်း တယ်။တစ်ယောက်ကို သိန်း၆၀ တောင်းတယ်။သူ့ကို မပေးလို့ အမှုက အပေါ်တက်သွားရင် သိန်း ရာကျော်သွားမယ်ဆိုပြီး ခြိမ်းခြောက်တာနဲ့ ပေးလိုက်ရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
ရပ်ကွက်သားများက တစ်ရပ်ကွက်သားချင်း မလုပ်ရန် ဝိုင်းပြောကြသော်လည်း လက်မခံဘဲ သိန်း ၁၂၀ ရမှ ပြန်လွှတ်ပေးကြောင်း သိရသည်။

“အဖမ်းခံရတဲ့ သားအဖက ငွေ အထိုက်အလျောက် အဆင်ပြေတာ သိနေတယ်လေ။ပြီးတော့ ဖမ်း တဲ့အချိန်မှာ စစ်သားနဲ့ရဲ မပါဘူး။ဖိုးထူးတို့သားအဖပဲ ဖမ်းတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

သထုံမြို့ပေါ်တွင် အမျိုးသား၂ယောက်တွဲ ဆိုင်ကယ်မစီးရန် စစ်တပ်က ကန့်သတ်ထားပြီး ဖိုးထူး သည် ဆိုင်ကယ်၂ယောက်တွဲစီးသူများနှင့် ည၈နာရီနောက်ပိုင်း လမ်းမပေါ်ရှိနေသော လူငယ်များကို ဖမ်းဆီး ငွေညှစ်ကာ ငွေမပေးနိုင်ပါက စစ်မှုထမ်းထဲသို့ ပို့နေကြောင်း သိရသည်။

“အရင်တုန်းက သထုံစည်ပင်ရုံးနဲ့ မျက်စောင်းထိုးက အိုးအိမ်တိုက်အဟောင်းမှာ ဖမ်းထားတဲ့ လူငယ် တွေကို ချုပ်ထားတယ်။အခုတော့ အဲနေရာမှာ မဟုတ်တော့ဘူး။ဘယ်နေရာလဲ မသိသေးဘူး”ဟု ၎င်း ကပြောသည်။

၁၂ရက်ညက ဖမ်းဆီးခံရသူ ၂ဦးအနက် အဖေဖြစ်သူမှာ အသက်၅၀ ဝန်းကျင်ရှိပြီး သားဖြစ်သူမှာ အ သက်၂၀ ခန့်ရှိကြောင်း သိရသည်။