မန်ချက်စတာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဘရူနို ဖာရန်ဒက်စ်သည် ယခုနှစ် ပရီမီယာလိဂ်ပြိုင်ပွဲတွင် ဂိုးဖန်တီးမှု ၂၁ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပြီးနောက် Record Breaker အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။
၎င်းသည် အသင်းအတွက် အရေးပါသော ပွဲစဉ်များတွင် ထူးချွန်ပြောင်မြောက်သည့် ကွင်းလယ်ဖန်တီးမှုစွမ်းရည်များကို ပြသကာ ယခုကဲ့သို့ စံချိန်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်သည်။
ပရီမီယာလိဂ်သမိုင်းတစ်လျှောက် ကွင်းလယ်ကစားသမားတစ်ဦး၏ အကောင်းဆုံးမှတ်တမ်းများထဲတွင် ယခုမှတ်တမ်းသည်လည်း တစ်ခုအပါအဝင် ဖြစ်လာခဲ့သည်။
အာဆင်နယ်အသင်း၏ ဂန္ထဝင်တိုက်စစ်မှူး အွန်နရီသည် ၂၀၀၂-၂၀၀၃ ရာသီတွင် ဂိုးဖန်တီးမှု ၂၀ ကြိမ် ပြုလုပ်ကာ ဆယ်စုနှစ်တစ်ခုကျော်ကြာ တစ်ဦးတည်း အမြင့်ဆုံးစံချိန်တင်ထားခဲ့ပြီး၊ မန်ချက်စတာစီးတီးအသင်း၏ ကွင်းလယ်ဘောလုံးသမား ဒီဘရိုင်းနားက ၂၀၁၉-၂၀၂၀ ရာသီတွင် ဂိုးဖန်တီးမှု ၂၀ ကြိမ်ဖြင့် ယင်းစံချိန်ကို လာရောက်ပူးတွဲ ချိုးဖျက်နိုင်ခဲ့သော်လည်း ယခုနှစ် ၂၀၂၅-၂၀၂၆ ရာသီ၌ ဘရူနို ဖာရန်ဒက်စ် သည် ၎င်းတို့၏ စံချိန်ကို ကျော်ကာ တစ်ရာသီအတွင်း ဂိုးအများဆုံး ဖန်တီးသူဖြစ်လာခဲ့သည်။
