“မပြီးသေးဘူး၊ငါတို့အလှည့် ကျန်သေးတယ်”ဟု ဝက်လက်မြို့၊ ရှိမ္မကား-မြင်တော်လမ်းပေါ်တွင် တော်လှန်ရေးအင်အားစုတို့က ဟစ်ကြွေးခဲ့သည်။
ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၊ ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) ၊ SPK တိုက်နယ် (ပကဖ) နှင့် မြို့မ တိုက်နယ် (ပကဖ) တို့ ပူးပေါင်းကာ မေလ ၂၉ ရက်၊ နံနက် ၁၀နာရီ၊မိနစ်၅၀ခန့်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့၊ (ရှိမ္မကား-မြင်တော်) လမ်းပေါ်၌ “မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်” စာသားပါ ဘန်နာချိတ်ဆွဲကာ ဝက်လက်မြို့လူထုသပိတ်စစ်ကြောင်း ဖြိုခွင်းခံရမှု ၅ နှစ်ပြည့် အထိမ်းအမှတ် စစ်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)က ယနေ့(ဇွန်တစ်ရက်) သတင်းထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ၊ မေလ ၂ ရက်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်၍ ငြိမ်းချမ်း စွာဆန္ဒပြတိုက်ပွဲဝင် နေသော ဝက်လက်မြို့နယ်လူထုသပိတ် စစ်ကြောင်းအား စစ်အုပ်စုဝင်တို့က လက်နက်ဖြင့် အကြမ်း ဖက်ဖြိုခွင်းခဲ့ရာ သပိတ်တပ်သား ကိုမင်းဇင်ဦး နှင့် ဝက်လက်မြို့မှ ပြည်သူတဦး (အမျိုးသား) ကျဆုံး ခဲ့ရသည်။
