ဇွန် ၂၉ မနက်မှာတော့ အစောပိုင်းပွဲတစ်ပွဲပဲ ရှိနေပါတယ်။ အဲဒါကတော့ ပူးတွဲအိမ်ရှင်ကနေဒါနဲ့ တောင်အာဖရိကတို့ရဲ့ပွဲစဉ်ပါ။ ပူးတွဲအိမ်ရှင်ပဲ အနိုင်ယူပြီး နောက်တစ်ဆင့်တက်သွားမလား။ တောင်အာဖရိကကပဲ အိမ်ရှင်တွေကို အမှောက်သိပ်သွားမလား။ ဒီပွဲမှာ ဘယ်သူက ဘယ်လိုနိုင်သွားမလဲဆိုတာကို MPA ရဲ့ ခန့်မှန်းချက်တွေကို ကြည့်လိုက်ကြရအောင်ပါ။
တောင်အာဖရိကနဲ့ ကနေဒါ(ဇွန် ၂၉၊ မြန်မာစံတော်ချိန် ၁ နာရီခွဲ)
ဒီပွဲက ၃၂ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွေထဲက ပထမဆုံးပွဲဖြစ်ပါတယ်။ ပူးတွဲအိမ်ရှင် ကနေဒါနဲ့ တောင်အာဖရိကတို့ရဲ့ ပွဲစဉ်က စိတ်လှုပ်ရှားမှုအပြည့်ပေးနိုင်တဲ့ ပွဲတစ်ပွဲဖြစ်လာမှာပါ။ ရှုံးထွက်ဖြစ်တဲ့အလျောက် နှစ်သင်းလုံးက ဖွင့်ကစားတာထက် သတိထားကစားတာမျိုး ပိုလုပ်လာနိုင်ပါတယ်။ တွေ့ဆုံမှုသမိုင်းကြောင်းမှာ ၂၀၀၇ တုန်းက တစ်ကြိမ်တွေ့ဖူးပါတာမှာ တောင်အာဖရိကက ၂ ဂိုးပြတ်နဲ့ အနိုင်ယူထားပါတယ်။ ဒါကြောင့် ထိပ်တိုက်တွေ့ဆုံမှုမှာတော့ တောင်အာဖရိကက သာနေပါတယ်။ အိမ်ရှင်ကနေဒါကတော့ ဒီပွဲကို ပရိသတ်ကို အားပြုပြီး ပွဲကို စိုးမိုးသွားဖွယ်ရှိပါတယ်။
မက္ကဆီကိုနဲ့ ကမ္ဘာ့ဖလားအဖွင့်ပွဲမှာ တိုက်ရိုက်အနီကတ်ထိခဲ့တဲ့ တောင်အာဖရိကက သန်ဘာ ဇဝိန်းက ပွဲပယ်ပြစ်ဒဏ်ရှိနေသလို ကနေဒါဘက်ကလည်း အဓိကကစားသမား အစ္စမေးလ် ကိုနေးက ဒဏ်ရာကြောင့် ပါလာဖွယ်မရှိပါဘူး။
လက်ရှိခြေစွမ်းကိုကြည့်ရင် သိပ်မကွာတဲ့အခြေအနေကို တွေ့ရသလို ခြေစွမ်းမငြိမ်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ရလဒ်ချင်းကလည်း တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံးဆိုတာချင်း တူညီနေကြပါတယ်။ တောင်အာဖရိကက အိမ်ရှင်မက္ကဆီကိုကို နှစ်ယောက်ထွက်နဲ့ ရှုံးထားသလို ချက်ကို သရေ၊ တောင်ကိုရီးယားကို တစ်ဂိုး ဂိုးမရှိနဲ့ ကပ်နိုင်ခဲ့ပါတယ်။ ကနေဒါကတော့ ဘော့စနီးယားကို သရေ၊ ကာတာကို ၆ ဂိုးပြတ်နဲ့ နိုင်ပြီး ဆွစ်ဇာလန်ကို နှစ်ဂိုး တစ်ဂိုးနဲ့ ရှုံးခဲ့ပါတယ်။
အိမ်ရှင်နဲ့တွေ့ရင် ရုန်းကန်ရတတ်တဲ့ တောင်အာဖရိကက အိမ်ရှင်ကနေဒါနဲ့ ထပ်ရုန်းကန်ရနိုင်ပါတယ်။ ဒီပွဲမှာ ကနေဒါတို့ ကပ်နိုင်ခြေရှိနေပြီး တောင်အာဖရိကတို့ လှည့်ပြန်သွားရမယ့်အနေအထားမှာ ရှိနေပါတယ်။ MPA အနေနဲ့ ဒီပွဲစဉ်အတွက် ကနေဒါနဲ့ ဂိုးပေါ်ကို ခန့်မှန်းပေးထားချင်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – တောင်အာဖရိက ၁ – ၂ ကနေဒါ သို့မဟုတ် တောင်အာဖရိက ၂ – ၃ ကနေဒါ
