ကုန်ကြမ်းအတွက် သွင်းကုန်လိုင်စင်ချမပေးဘဲ စီးပွားရေးဖွံ့ဖြိုးချင်နေသည့် ဉာဏ်ကြီးရှင် မင်း အောင်လှိုင်၏ အမျှော်အမြင်ကြောင့် ရန်ကုန်မြို့ရှိ စက်ရုံများ လုံးပါးပါးနေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့စက်မှုဇုန်များရှိ စက်ရုံအချို့မှာ ပြည်ပမှ ကုန်ကြမ်းသွင်းရန်အတွက် သွင်းကုန်လိုင်စင် မရ သဖြင့် ပိတ်ထားရပြီး အချို့မှာမူ ဖြစ်သလို လည်ပတ်နေကြရကြောင်း ရန်ကုန်မြို့ရှိ အီလက် ထရော နစ်လုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“ဥပမာ- စားသောက်ကုန်လိုမျိုး ခေါက်ဆွဲခြောက်တို့၊ကော်ဖီမစ်တို့ကျတော့ ပြည်တွင်းမှာရှိတဲ့ ကုန် ကြမ်းတွေနဲ့ ဖြစ်အောင်ထုတ်နေတာမျိုးရှိတယ်။ကွာလတီကတော့ ကျမှာပေါ့။စက်မှုကုန်ကြမ်းတွေ ရှိမှ လည်ပတ်လို့ရတဲ့ စက်ရုံတွေကျတော့၊ အိမ်သုတ်ဆေးထုတ်တဲ့စက်ရုံဆို ကိုယ့်ဆီမှာ စက်မှုကုန် ကြမ်းတွေမှ မရှိတာ။ပြည်ပက သွင်းမှကို ရမှာ။အဲဒါကိုပဲ ပြည်ပသွင်းကုန် လျှော့ချရမယ်ဆိုပြီး လုပ် နေတော့ အကုန် ဒုက္ခရောက်နေတယ်”ဟု ၎င်းက MPAသို့ပြောသည်။
စက်ရုံအချို့မှာ ယခင်က ရှိထားသည့် လက်ကျန်ကုန်ကြမ်းများဖြင့် လုပ်ငန်းမပျက်အောင် လည်ပတ် သည်ဆိုရုံ လည်ပတ်နေကြကြောင်း သိရသည်။
“အဓိကပြဿနာက ကိုယ့်ဆီမှာ ပို့ကုန်က အင်မတန်နည်းတယ်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အဝင် ကမရှိသလောက်၊ပြန်ထွက်နေတာ ခပ်များများဆိုတော့ နိုင်ငံခြားငွေ ဝင်ငွေက မရှိဘူး။နေ့စဉ်စစ် တိုက်နေရတဲ့ စစ်အသုံးစရိတ်က နင့်နေတယ်ဆိုတော့ စစ်အသုံးစရိတ်အတွက်ပဲ ဒေါ်လာသုံးဖို့ ရှိ တယ်။ဆိုတော့ ကျန်တာက နိုင်ငံခြားငွေ ပြည်ပမထွက်အောင် ချွေတာရေးပေါ့။ သွင်းကုန်လိုင်စင် တွေ ချမပေးတဲ့နည်းနဲ့ ဖြေရှင်းနေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ပြည်ပမှ ကုန်ကြမ်းများတင်သွင်းရန် လိုအပ်သည့် ဒေါ်လာကို ဗဟိုဘဏ်က ချပေးစရာမလိုဘဲ ကိုယ့် ဘာသာ ဈေး ကွက်မှ ရှာဝယ်မည်ကိုပင် အစိုးရတုက လက်မခံကြောင်း သိရသည်။
“အခု နယ်စပ်ကနေ အောက်လမ်းကနေ တင်တာကျတော့လည်း တကယ်ကို ဖမ်းနေတော့ ဘာမှ လုပ်မရဘူး”ဟု ၎င်းက ပြောသည်။
ဇွန်၂၅ရက်က နေပြည်တော်၌ ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ် ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်းအဝေးတွင် သမ္မတု မင်းအောင်လှိုင်က သွင်းကုန် အစားထိုးရန်နှင့် ပြည်ပသွင်းကုန်များကို လျှော့ချနိုင်ရေး ပြည်တွင်းကုန်ထုတ်လုပ်မှုကို တိုးမြှင့် ဆောင်ရွက်သွားမည်ဆိုပါက နိုင်ငံခြားငွေသုံးစွဲမှုနှင့် ကုန်သွယ်မှုလိုငွေများကို လျှော့ချနိုင်မည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
“မင်းအောင်လှိုင်ရဲ့ ဉာဏ်ရည်က ဒေါ်စုလို တခြားလူတွေရဲ့ ရှေ့ ရောက်နေဖို့ မပြောနဲ့ Level တစ်ခု မှာတောင် ရှိမနေဘူး”ဟု အီလက်ထရောနစ်လုပ်ငန်းရှင်က ဆိုသည်။
ရန်ကုန်မြို့ အထင်ကရနေရာများတွင် စိုက်ထူထားသော ကြော်ငြာဘုတ်များတွင် ကြော်ငြာကုန် ပစ္စည်း မတွေ့ရသည်မှာ များနေပြီဟု ရန်ကုန်မြို့၊လှိုင်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတစ်ဦးက ဆိုသည်။
“လှည်းတန်းလိုနေရာမျိုးက ကြော်ငြာဘုတ်တွေဆိုရင် ဘယ်အချိန်ကြည့်ကြည့် ကြော်ငြာရှိနေတာ ချည်းပဲ။အရင်တုန်းက ပြောတာ။အခု လှည်းတန်းတံတားဘေး တက္ကသိုလ်ဘက်ခြမ်းက ဘုတ်ဆိုရင် ခါလီဖြစ်နေတာ တော်တော်ကြာနေပြီ”ဟု ၎င်းက ပြောသည်။
ခါလီဖြစ်နေသော ကြော်ငြာဘုတ်များမှာ လက်ရှိတိုင်းပြည်စီးပွားရေးအခြေအနေကို ညွှန်ပြနေ ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှု အဆိုးရွားဆုံး နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက အဆင့် ၆ နေရာသို့ ရောက်ရှိလာကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဇွန်၁၉ရက်၌ ပြောသည်။
ဓာတ်ပုံ-ပေးပို့
ပုံစာ- လှည်းတန်းတံတားအနီး ကြော်ငြာမရှိသော ကြော်ငြာဘုတ်ကို ယခုလအတွင်း မြင်ရစဉ်။
