မြန်မာနိုင်ငံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း အာဏာသိမ်းစစ်အုပ် စု အစိုးရတု၏ နှုတ်ထွက်စကားကို မြန်မာပြည်သူတို့က မယုံကြောင်း All In One Piece Movement က ထုတ်ပြန်လိုက်သည်။
ဇူလိုင်၁၂ရက်တွင် ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် မင်းအောင်လှိုင် ခန့် နိုင်ငံခြားရေးဝန်ကြီး တင်မောင်ဆွေတို့ တွေ့ဆုံဆွေးနွေးစဉ် တင်မောင်ဆွေက ဒေါ်အောင်ဆန်း စုကြည် ကျန်းမာရေးကောင်းမွန်ကြောင်း ပြောကြားခဲ့သည်ဟု အာဆီယံအထူးသံတမန်၊ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာထရီဇာ လာဇာရိုက ပြောကြားခဲ့သည်။
စစ်အုပ်စုသည် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံခွင့်ရတိုင်း ဒေါ်အောင်ဆန်းစုကြည် သက် ရှိ ထင်ရှားရှိနေသေးကြောင်းကို ခိုင်မာပြီး လွတ်လပ်စွာ အတည်ပြုနိုင်သော သက်သေအထောက် အ ထား မပြဘဲ နှုတ်ဖြင့်သာ ပြောဆိုနေသည်မှာ အကြိမ်ကြိမ် ဖြစ်ကြောင်း နောင်နှစ်ပေါင်းများစွာ ဒေါ် အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထိန်းသိမ်းထားသည့် ကာလတစ်လျှောက်လုံးတွင်လည်း အ လားတူ ပြောဆိုမှုများဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာပြည်သူများ၏ စိုးရိမ်ပူပန်မှုကို ပြေ လျော့စေရန် ကြိုးစားနိုင်မည်ဟု ယူဆထားပါကလည်း နိုင်ငံတကာအသိုက်အဝန်းနှင့် မြန်မာပြည် သူများက ယုံကြည်လက်ခံလာမည်မဟုတ်ကြောင်း All In One Piece Movement က ဇူလိုင်၁၂ရက် ည၌ ထုတ်ပြန်သည်။
မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက “အာဆီယံဝန်ကြီးတွေနဲ့ မအလ ဝန်ကြီး တွေ့ တော့လည်း တွေ့တာပဲရှိတယ်လေ။အာဆီယံအထူးသံ က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် မရ ဘူး။တခြားဘာကတိပြုချက်ရသလဲဆိုတော့ ဥပမာ_အကြမ်းဖက်တွေရပ်ဖို့ ဆိုတာမျိုး ဘာဆိုဘာမှ မရလိုက်ပါဘူး”ဟု MPAသို့ပြောသည်။
စစ်အုပ်စုက မည်သို့ပင် ပြောဆိုနေစေကာမူ ယနေ့အချိန်အထိ ဒေါ်အောင်ဆန်းစုကြည် သက်ရှိ ထင် ရှားရှိနေကြောင်း ယုံကြည်စိတ်ချရပြီး လွတ်လပ်သော အဖွဲ့အစည်းများက အတည်ပြုထားသည့် ခိုင် မာသော သက်သေအထောက်အထား မတွေ့ရှိရသေးကြောင်းထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို လွတ်လပ်၍ ယုံကြည်စိတ်ချရသော နည်းလမ်းဖြင့် အမြန်ဆုံး အတည်ပြုပေးရန်၊ ထို့ပြင် မိသားစုဝင်များ၊ ဥပဒေရေးရာ ကိုယ်စားလှယ်များနှင့် လွတ်လပ်သော နိုင်ငံတကာအဖွဲ့အ စည်းများ တွေ့ဆုံနိုင်ရေးကို ခွင့်ပြုပေးရန် ထပ်မံတောင်းဆိုကြောင်း All In One Piece Movement က ဆိုသည်။
နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှားရှိနေကြောင်း ခိုင်မာသော သက်သေပြရန် တောင်းဆိုသည့် Proof of Life ကင်ပိန်းကို ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း(ခ)ကင်မ်အဲရစ်က ဦး ဆောင်ကာ ဧပြီ၂၁ရက်က စတင်ခဲ့သည်။
