ရုရှား-မြန်မာ စစ်ရေးလေ့ကျင့်မှု လူကြီးလာတုန်း ကြည့်ကောင်းအောင် ဇာတ်တိုက်ထားခြင်းမျိုးနှင့် ပို တူဟုဆို

By MPA

အပူပိုင်းမုန်တိုင်း(Tropical Storm)ဟု အမည်ပေးထားသော ရုရှား- မြန်မာ ပူးပေါင်းစစ်ရေး လေ့ကျင့်ရေးမှုသည် လူကြီးလာတုန်း ကြည့်ကောင်းအောင် ဇာတ်တိုက်ထားခြင်းမျိုးနှင့် ပိုတူနေ ကြောင်း စစ်လက်နက်နှင့်တိုက်ခိုက်ရေးဆိုင်ရာ သုံးသပ်ချက်များ ဖော်ပြနေသည့် Tactical Raptor က ဆိုသည်။

ဗီဒီယို Color grading ကို ကြည့်ရသည်မှာ ရုရှားဘက်က ရိုက်သည့် ဗီဒီယိုဖြစ်မည်ဟု ထင်ပြီး ယင့်လေ့ကျင့်မှုသည် လက်တွေ့ထိရောက်မည့် လေ့ကျင့်မှုမျိုးထက် သရုပ်ပြမှုမျိုးနှင့် ပိုတူကြောင်း Tactical Raptor က သုံးသပ်သည်။

လူစိတ်ဝင်စားကြသည့် မောင်းသူမဲ့ယာဉ် UGV (unmanned ground vehicle)မှာ ရုရှားက သရုပ်ပြ သည့် ပုံစံမျိုးသာ ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။

“VIP ကာကွယ်တာ၊ fast rope ဆင်းတာတွေက ရှေ့တန်းမှာ သိပ် မအပ်စပ်‌လှပေမဲ့ FPV ဒရုန်းတွေ ကို ပစ်ချဖို့ shotgun တွေနဲ့ လေ့ကျင့်တာ၊ FPV pilot တွေ simulator နဲ့ လေ့ကျင့်တာ၊ လက်တွေ့ ပျံသန်း လေ့ကျင့်နေတာတွေကတော့ သတိထားသင့်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်”ဟု Tactical Raptor က ဆိုသည်။

စစ်တပ်က ဒရုန်းကာကွယ်ရေးကို အလေးအနက်ထား အားစိုက်ထုတ်နေသည်ကို မြင်နေရပြီ ဖြစ်ကြောင်း Tactical Raptor က သတိပေးသည်။

အဆိုပါ ရုရှား-မြန်မာ ပူးပေါင်းလေ့ကျင့်မှုတွင် FPV ဒရုန်းများ၊ Kurier မြေပြင်စက်ရုပ်စနစ်များ၊ ATV နှင့် Buggy ယာဉ်များကို အသုံးပြု၍ ခိုင်မာသည့် ရန်သူ့ခံစစ်နေရာများအား တိုက်ခိုက်ပုံနှင့် စစ်တပ် အရာရှိများအား အန္တရာယ်ကင်းရှင်းစွာ ကယ်ထုတ်သည့်ပုံစံများကို အဓိကထား လေ့ကျင့်သင် ကြားပေးနေကြောင်း တွေ့ရသည်။