ရန်ကုန်က ရေကျော်ပွဲစျေး

ရန်ကုန်မြို့၏ အစည်ကားဆုံးပွဲတော်များထဲမှ တစ်ခုဖြစ်သလို”ရန်ကုန်မြို့ရဲ့အသည်းနှလုံး” ဟု တင်စားခေါ်ဝေါ်လေ့ရှိသည့် ရေကျော်ပွဲစျေးကြီးသည် ယခုနှစ်တွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ စုစုပေါင်း ၇ ရက်တိတိ ကျင်းပလျက်ရှိသည်။

ကိုဗစ်ကပ်ရောဂါအပါအဝင် စစ်အာဏာသိမ်းခြင်းကြောင့် ၄ နှစ်ကျော် ရပ်နားခဲ့ရပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ တွင် တစ်ကြိမ် ပြန်လည်စည်ကားစွာ ကျင်းပနိုင်ခဲ့ရာ ယခုနှစ်ပွဲတွင်ပြန်လည်ကျင်းပခြင်းဖြစ်သည်။

အဆိုပါ ရေကျော်ပွဲစျေးကြီးသည် သီတင်းကျွတ်မီးထွန်းပွဲတော် မတိုင်မီ အမြဲတမ်းကျင်းပနေကျဖြစ်ပြီး ရန်ကုန် မြို့သူမြို့သားများအနေဖြင့် ချစ်ရသူများနှင့်အတူ ပွဲစျေးလျှောက်လည်ခြင်း၊ စားသောက်ဖွယ်ရာများ မြည်းစမ်းခြင်းဖြင့် သီတင်းကျွတ်ကာလ အမှတ်တရများ ဖန်တီးနိုင်မည့် နေရာတစ်ခုလည်းဖြစ်သည်။