ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းပေါ်ရှိ နမ့်မန်းတံတားကို TNLA က ဖျက်ဆီးဟုဆိုသည့် အကြောင်းအ ရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“Kyaw Swar” တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁၃ ရက် ညနေ ၄ နာရီ ၃၆ မိနစ်တွင် စစ်ရှုံးပြီး ထွက်ပြေးသွားသည့် TNLA အဖွဲ့များက ကျောက်မဲ-မိုင်းငေါ့သွား ကားလမ်းပေါ်ရှိ နမ့်မန်းတံတားကို မိုင်းထောင်ဖောက်ခွဲခဲ့ကြောင်း၊ TNLA အဖွဲ့သည် လမ်းတံတားဖျက်ဆီးမှုများကို ထိပ်ဆုံးက ပြုလုပ်သူများဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ၂၀၂၅ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၇,၀၀၀ ကျော်၊ Reaction ပေးသူ ၇၀၀ ကျော် ရှိပြီး “ဟန်ငြိမ်းဦး၊ Ka Ka Han ၊ Thazin Oo” အပြင် အခြား စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/rfFZa
ဟန်ငြိမ်းဦး – https://archive.ph/YbDtn
Ka Ka Han – https://archive.ph/EOg8b
Thazin Oo – https://archive.ph/oyTO4
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “People’s Spring, မောင်း” သတင်းမီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၈ ရက်၌ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို စစ်တပ်က လေ ကြောင်းကနေ ပေါင် ၂၅၀ ဗုံး ဖြင့် နှစ်ကြိမ်လာရောက် ကြဲချခဲ့ခြင်းကြောင့် တံတားပျက်ဆီးခဲ့ကြောင်း၊ နမ့် မန်းတံတားကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း ၂ တုန်းကလည်း စစ်တပ်က ဖောက်ခွဲဖျက်ဆီးခဲ့သေးကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/WeNOQ
မောင်း – https://bitly.cx/Xndaz
အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “ကျောက်မဲ နမ့်မန်းတံတား ဖျက်ဆီးခံရ” ဆိုသည့် စကား လုံးဖြင့် ရှာဖွေကြည့်ရာ “Voice of Myanmar, Mekong News, ခမ်းသားငေါဝ်း” တို့က သတင်းဖော်ပြ ထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၈ ရက်က ကျောက်မဲမြို့နယ်၊ ပုံးလုံကျေးရွာအုပ်စု၊ နမ့်မန်းရွာရှိ ကျောက်မဲ-မိုင်းငေါ့လမ်းပေါ်ရှိ နမ့်မန်းတံတားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ခြင်းကြောင့် တံတားပျက်ဆီးခဲ့ကြောင်း၊ ဖျက်ဆီးခံရသောတံတားမှာ စစ်ကော်မရှင်တပ် နှင့် နီးကြောင်း၊ ယင်းနမ့်မန်း တံတားကို ၁၀၂၇ စစ်ဆင်ရေးအပိုင်း ၂ တွင် စစ်တပ်က မိုင်းခွဲဖျက်ဆီးဖူးခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ဖျက်ဆီးခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Voice of Myanmar – https://bitly.cx/4ZyD
Mekong News – https://bitly.cx/o74K
ခမ်းသာငေါဝ်း – https://bitly.cx/Yxve
TNLA ကလည်း အဆိုပါ တံတားပျက်စီးမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ထားသည်။ အောက်တိုဘာ ၈ ရက်က တအောင်းပြည်၊ တပ်မဟာ(၂) နယ်မြေ၊ ကျောက်မဲမြို့နယ်ရှိ နမ့်မန်းတံတားကို စစ်တပ်က လေ ကြောင်းကနေ ပေါင် ၂၅၀ ဗုံး နှစ်လုံး လာရောက် ကြဲချခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် တံတားထိမှန် ပျက်စီးခဲ့ ကြောင်း၊ စစ်တပ်သည် နမ့်မန်းတံတားကို ၁၀၂၇ စစ်ဆင်ရေး အပိုင်း ( ၂ ) တွင် ဖျက်ဆီးခဲ့ဖူးကြောင်း၊ ယခု မှာ ဒုတိယအကြိမ် ဖြစ်ကြောင်း၊ အလားတူ မိုင်းငေါ့မြို့ရှိ မန်လုံရပ်ကွက်ကိုလည်း လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ခြင်းကြောင့် အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ မိဘပြည်သူ များအနေ ဖြင့် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကို ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲ ရှိ ရန် လိုအပ် ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/LBQHN
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ကျောက်မဲမြို့ရှိ နမ့်မန်းတံတားကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။
TNLA ကလည်း စစ်တပ်က ပေါင် ၂၅၀ ဗုံး နှစ်လုံးဖြင့် လာရောက်ကြဲချခဲ့ခြင်းကြောင့် တံတားပျက်စီးသွားကြောင်း သတင်းထုတ်ပြန်ထားသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ကျောက်မဲမြို့ရှိ နမ့်မန်းတံတားကို TNLA မိုင်းခွဲဖျက်ဆီး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
