တောင်ဥက္ကလာ၊ ပါရမီလမ်းဘေး ဆိုင်ခန်းများ မီးလောင်

ဓာတ်ပုံ-မီးသတ်ဦးစီးဌာန
ပုံစာ- ပါရမီလမ်းပေါ် မီးလောင်နေပုံ။

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်၊ပါရမီလမ်းမပေါ်ရှိ ဆိုင်ခန်းများ ယနေ့ညနေပိုင်း၌ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။

ယနေ့(အောက်တိုဘာ၂၀ရက်)ညနေ ၄နာရီ၁၆မိနစ်ခန့်တွင် တောင်ဥက္ကလာပမြို့နယ်၊၅ရပ်ကွက် ၊ပါရမီလမ်းတွင် မီးစတင်လောင်ကျွမ်းခဲ့သဖြင့် မြို့နယ်မီးသတ်စခန်းမှ Level 1 ယာဉ်အုပ်စု ထွက် ခွာငြှိမ်းသတ်ခဲ့ရာ ၄နာရီ၂၇မိနစ်၌ မီးထိန်းနိုင်ခဲ့ပြီး ၄နာရီ၃၆မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။

“သင်္ဘောဆေးပစ္စည်းဆိုင်ကစပြီးလောင်တာလို့ ပြောကြတယ်။မီးသတ်က သေချာလုပ်နိုင်လို့ တော် သေးတယ်။မီးအားက စစချင်း တော်တော်ကောင်းတယ်။ကျမတို့ ဘေလီမီးပွိုင့်နားမှာ။ဘုန်းကြီး ကျောင်းတွေနဲ့က ကားလမ်းဟိုဘက်ဒီဘက်။လူတွေက အဆင်မပြေတဲ့ကြား ဒုက္ခက ထပ်ကြီးပြန်ပြီ” ဟု တောင်ဥက္ကလာ၊၅ရပ်ကွက်၊ဗြဟ္မစိုရ်လမ်းနေ အိမ်ရှင်မတစ်ဦးက MPAက ပြောသည်။

မီးလောင်ရခြင်းအကြောင်းနှင့် ဆိုင်ခန်းမည်မျှ လောင်ကျွမ်းသွားသလဲဆိုသည်ကိုမူ မီးသတ်ဦးစီးက မထုတ်ပြန်သေးပေ။

စာတည်း-ML