ပြည်ခိုင်ဖြိုးရွေးကောက်ပွဲရန်ပုံငွေခေါင်းစဉ်ဖြင့် မော်လမြိုင်လောင်းကစားဝိုင်းများကို အကောက်ငွေ တိုးမြှင့်

မွန်ပြည်နယ်၊မော်လမြိုင်မြို့ လောင်းကစားဝိုင်းများကို ပြည်ခိုင်ဖြိုး ပါတီ ရွေးကောက်ပွဲရန်ပုံငွေအ တွက်ဟုဆိုကာ အကောက်ငွေတိုးကောက်နေကြောင်း သိရသည်။

မော်လမြိုင်မြို့ပေါ်တွင် ယခုနှစ်အတွင်း ဝါတွင်းကာလ၌ ခေတ္တရပ်နားပြီးနောက် သီတင်းမကျွတ်မီက တည်းက လောင်းကစားဝိုင်းများ ထပ်မံပြုလုပ်လျက်ရှိရာ ယခင်က အ ကောက်ငွေ တစ်ညကျပ်၃ သိန်း ပေးခဲ့ရသော အနီထောင်ဝိုင်းသည် ယခုအခါ ကျပ်၅သိန်းနှင့် ဂလုတ်ဂလုတ်တစ်ခုံကို ယခင် တစ်သိန်းမှ ယခု၂သိန်း တိုးကောက်နေကြောင်း မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက ဆို သည်။

“ဘာလို့ အကောက်ငွေတိုးသလဲဆိုတော့ ကြံ့ဖွတ်ရွေးကောက်ပွဲရန်ပုံငွေဆိုပြီး အုပ်ကြီးတွေဆီက သိရ တယ်။မော်လမြိုင်အုပ်ကြီးတွေက အကုန်ကြံ့ဖွတ်တွေချည်းပဲ။ကိုယ့်ရပ်ကွက်မှာ ဘာသာရေးခေါင်း စဉ်တစ်ခုခုတပ်ပြီး ဇာတ်ပွဲသွင်းပြီး လောင်းကစားဝိုင်းလုပ်နိုင်ရင် အဲရပ်ကွက်က အုပ်ကြီးတွေလည်း လိုင်းကြေးရကြတယ်”ဟု ၎င်းက MPAသို့ပြောသည်။

ဝါမဝင်မီက မော်လမြိုင်မြို့ပေါ်လောင်းကစားဝိုင်းများကို တစ်ရပ်ကွက်ပြီးမှ တစ်ရပ်ကွက် ဇာတ်ပွဲ ဟန်ပြသွင်း၍ ပြုလုပ်ကြသော်လည်း ယခုအခါ တစ်ညတည်းနှင့် ၂နေရာ၊၃နေရာ တစ်ပြိုင်နက်ပြု လုပ်လာကြကြောင်း သိရသည်။

“ပိုဆိုးလာတာတော့ အမှန်ပဲ။ပိုဆိုးလာပေမဲ့ ညတိုင်း လောင်းကစားဝိုင်းတွေမှာ လူမပြတ်ဘူး”ဟု မော်လမြိုင်မြို့ခံ ဆိုင်ကယ်တက္ကစီဆရာတစ်ဦးက ဆိုသည်။

စေတီပုထိုးများစွာနှင့် ဘုန်းကြီးကျောင်းများစွာတို့ဖြင့် တင့်တယ်နေသော မော် လမြိုင်မြို့သည်
အောင်ကြည်သိန်း(တရားမဝင်မွန်ပြည်နယ်ဝန်ကြီးချုပ်)ကောင်းမှုကြောင့် လောင်းကစားမြို့တော် အဖြစ် နာမည်ပျက်ခဲ့ရပြီဟုလည်း ၎င်းက ဆိုသည်။

စာတည်း-ML