အကန့်အသတ်မရှိရပ်နားမဲ့ Idiots Band ရဲ့ နောက်ဆုံး နှုတ်ဆက်ဖျော်ဖြေပွဲ

အဖွဲ့သားတွေ မစုံတော့သည့် Idiots Band ရဲ့သည် ၎င်းတို့အဖွဲ့၏ အကန့်အသတ်မရှိ နားတော့မည့် နောက်ဆုံး ဖျော်ဖြေပွဲတစ်ခုကို မနေ့က(အောက်တိုဘာ ၂၅ရက်) ညပိုင်းက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီ ဖျော်ဖြေပွဲကို Idiots Band Alternative Rock တီး၀ိုင်းအဖွဲ့အချို့ကပါ အားဖြည့် ကူညီ သီဆိုမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ ဖျော်ဖြေပွဲတွင် Idiots Band ၏ ပင်တိုင်အဆိုရှင် ကွယ်လွန်သူ အဆိုတော် ရေမွန်သီချင်းများကို သီဆိုခဲ့ကြပြီး ဝမ်းနည်းစရာတစ်ခုအဖြစ် နှုတ်ဆက်ဖျော်ဖြေပွဲတွင် အားဖြည့် ကူညီသီဆိုပေးခဲ့သည့် Fever 109 တီ၀ိုင်းအဖွဲ့မှ အဆိုတော် အဒီနိုသည် ဖျော်ဖြေနေရင်း နှလုံးအမောဖောက်ကာ ကွယ်လွန်ခဲ့ရသည်။