မိုးကုတ်တွင် ပြည်သူများ သံပုံးတီး၍ စစ်တပ်ကို မောင်းထုတ်မှုအား သတင်းအမှားဟု ဖြန့်ဝေနေ

မိုးကုတ်မြို့တွင် ပြည်သူများက သံပုံးတီး၍ စစ်တပ်ကို မောင်းထုတ်မှုအား PDF များ သံပုံးတီးဟူ၍ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက သတင်းအမှား ဖြန့်ဝေထားကြသည်။

“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၇ ရက် နံနက် ၁၀နာရီခန့်တွင် မိုးကုတ်မြို့၌ ကြောက်ကန် ကန် ပြီး သံပုံးတီးနေသူများမှာ ဒေသခံပြည်သူများ မဟုတ်ဘဲ PDF များသာ ဖြစ်ကြောင်း၊ မိုးကုတ်မြို့ ပျက်စီး သွားတယ်ဆိုရင် PDF များ ၏ လက်ချက်ကြောင့်သာဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၁၄,၀၀၀ ကျော်၊ Reaction ပေးသူ ၄၀၀ ကျော် ရှိခဲ့ပြီး အခြား စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့ကြသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/N9XU9
ကိုနှင်းမောင် – https://archive.ph/i0BnY
KO CHIT (MDY) – https://archive.ph/soyud

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Google ၌ “မိုးကုတ်မြို့ သံပုံးတီး” ဆို သည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, DVB, Shwe Phee Myay News Agency” အပါ အဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် နိုဝင်ဘာ ၆ ရက် ည ၈ နာရီတွင် မိုးကုတ်မြို့ခံများသည် စစ်တပ်လက်အောက် ပြန် မနေလိုကြောင်း ပြသသည့်အနေဖြင့် တစ်မြို့လုံး သံပုံးတီးပြီး ဆန္ဒပြခဲ့ကြောင်း၊ သွေးသစ္စာသီချင်းကိုလည်း သီဆိုခဲ့ကြကြောင်း၊ စစ်အာဏာရှင်အလိုမရှိဟု အော်ဟစ်ဆန္ဒပြခဲ့ကြောင်း၊ ယခုကဲ့သို့ သံပုံးတီးဆန္ဒပြခြင်း မှာ မိုးကုတ်မြို့သို့ စစ်တပ်ပြန်ဝင်လာမည်ကို မလိုလားကြောင်းနှင့် တော်လှန်ရေးကို တရုတ်နိုင်ငံက ကြားဝင်စွက်ဖက်ခြင်းကို ဆန့်ကျင့်သည့်အနေဖြင့် တီးခတ်ခြင်းဖြစ်ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ ဖြန့်ဝေထားသည်။

အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/lBDVg
DVB – https://bitly.cx/7DYN
Shwe Phee Myay – https://bitly.cx/VNTsd

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်ထဲရှိ မိုးကုတ်မြို့ကို တအောင်းတပ် TNLA ထံမှ စစ်တပ်က ပြန်လည် လက် လွှဲ ယူရန် ပြီးခဲ့သည့်လက ကျင်းပခဲ့သည့် တရုတ်အစိုးရကြီးကြပ်ခဲ့သော ဆွေးနွေးပွဲတွင် သဘောတူ ခဲ့ကြ သည်။ နိုဝင်ဘာ ၂၅ ရက် မတိုင်မီ TNLA တပ်ဖွဲ့များက မိုးကုတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG ) လက်အောက်ခံ တပ်ဖွဲ့များက မိုးကုတ်မြို့ကို ဆက်လက်ကာကွယ် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။

သုံးသပ်ချက်

သတင်းမီဒီယာများတွင် နိုဝင်ဘာ ၆ ရက် ညက မိုးကုတ်မြို့တွင် စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသည့် အနေဖြင့် တစ်မြို့လုံးအနှံ့ သံပုံးတီးခဲ့ကြောင်း ဖော်ပြထားသည်။

သံပုံးတီးရခြင်းသည် မိုးကုတ်မြို့သို့ စစ်တပ်ပြန်လည်ဝင်ရောက်မည့်အပေါ် ဆန့်ကျင်သောအနေဖြင့် လည်းကောင်း၊ တော်လှန်ရေးတွင် တရုတ်ကြားဝင်နှောင့်ယှက်နေခြင်းအပေါ် ဆန့်ကျင်သောအနေဖြင့် လည်းကောင်း တီးခတ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “မိုးကုတ်မြို့ တွင် သံပုံးတီးသူများမှာ ပြည်သူများ မဟုတ်” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။