သက်သက်ခိုင်၏ အမတ်လောင်းဖြစ်ခွင့် အသနားခံစာ ရွေးကော် ပယ်ချ၊ မင်းအောင်လှိုင် အပြတ် ရှင်းပစ်လိုက်ခြင်းဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌ သက်သက်ခိုင်၏ အမတ်လောင်းဖြစ်ခွင့်ပေးရန် အသနားခံစာကို စစ် ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်က ပယ်ချလိုက်ကြောင်း သိရသည်။

ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဌသက်သက်ခိုင်၏ ဘဏ်ချေးငွေပြဿနာကြောင့် သက်ဆိုင်ရာ လွှတ် တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၈(ဃ)ပါ ပြဌာန်းချက်နှင့် ငြိစွန်းသည်ဟုဆိုကာ အမတ်လောင်းစာ ရင်းမှ ပယ်ဖျက်ကြောင်း တရားမဝင်ရွေးကောက်ပွဲကော်မရှင်က အောက် တိုဘာ၂၁ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ၂၄ရက်မှာပင် အကြွေးကိစ္စ ကြိုးစားဖြေရှင်း ပါမည်ဆိုသည့် ခံဝန်ကတိဖြင့် မင်းအောင်လှိုင်နှင့် ရွေးကော်ထံ အသနားခံစာ တင်ခဲ့ ခြင်း ဖြစ်သည်။

“မင်းအောင်လှိုင်က သူတို့အလိုရှိတဲ့ အေးမောင်ကိုကျတော့ အမတ်လောင်းဖြစ်ဖို့ လွတ်ငြိမ်းတောင် ပေးခဲ့သေးတာပဲ။သက်သက်ခိုင်ကို အမတ်လောင်း ပြန်ပေးလိုက်လို့လည်း ရပါတယ်။ဘာလို့ မပေး သလဲဆိုတော့ အပြတ်ရှင်းချင်လို့ကို မပေးတာ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တစ်ဦး က MPA သို့ပြောသည်။

အသနားခံစာ ပယ်ချခံရမှုကို နိုဝင်ဘာ၁၄ရက်၊ပြည်သူ့ရှေ့ဆောင်ပါတီ မဲဆွယ်ပွဲတွင် သက်သက်ခိုင် ကိုယ်တိုင် ထုတ်ဖော်ပြောကြားခဲ့သည်။

အောက်တိုဘာ၁၉ရက်တွင် ရွေးကော်က သက်သက်ခိုင်ကို ကိုယ်စားလှယ်လောင်းသက်သေခံကတ် ပြားထုတ်ပေးပြီးမှ ပယ်ဖျက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ၃၀ရက်၌ ကမ္ဘောဇဘဏ်သို့ အကြွေး သိန်း ၅သောင်းဆပ်ပြကာ အသနားခံစာကို လက်ခံရေးအတွက် ကြိုးစားခဲ့သေးသည်။

ထို့ပြင် အမတ်လောင်းပယ်ဖျက်ခံရသူ ၈၆ဦးအနက် အသနားခံစာတင်သူများကို ပြန်စဉ်းစားနေသည် ဟုသိရကြောင်းနှင့် အသနားခံစာ တင်သူများထဲမှ တစ်ဦးတည်းကိုသာ ရွေးကောက်ပွဲဝင်ခွင့်ပေးမည် ဆိုလျှင် ထိုတစ်ယောက်သည် ကျမ(သက်သက်ခိုင်)ဖြစ်မည်လားဟု မျှော်လင့်မိကြောင်း ဘီဘီစီနှင့် တွေ့ဆုံခန်းတွင် သက်သက်ခိုင်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်ကိုပင် လာဘ်စားမှုဖြင့် ပြစ်ဒဏ်ကျနေသူဟု မဟုတ်မမှန် အပုပ်ချရဲခဲ့သော သက်သက်ခိုင်သည် ယခု အမတ်လောင်းစာရင်းမှ အပြီးအပြတ် ပယ်ဖျက်ခံရသည်တိုင် တစ်ခွန်းမျှပင် နှုတ်လှန်မထိုးရဲခဲ့ပေ။

တရားမဝင်ရွေးကောက်ပွဲကို ရန်ကုန်တိုင်း FPTPအမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် ၂ အ မတ် လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် သက်သက်ခိုင် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

သက်သက်ခိုင်သည် ၂၀၁၅ရွေးကောက်ပွဲတွင် NLDပါတီအမတ်အဖြစ် အနိုင်ရခဲ့သော်လည်း ၂၀၁၈ ခုနှစ်၌ ပါတီတာဝန်များ ရပ်ဆိုင်းခံရပြီးနောက် နှုတ်ထွက်ခဲ့ကာ ပြည်သူ့ရှေ့ဆောင်ပါတီကို ထူ ထောင်ခဲ့သည်။ထို့နောက် ၂၀၂၀ရွေးကောက်ပွဲဝင်ခဲ့ရာ တစ်နေရာမျှ အနိုင်မရခဲ့ပေ။

၂၀၂၀ပြည့်နှစ်၊ဩဂုတ်လတွင် မင်းအောင်လှိုင်နှင့် ၃၄ပါတီတို့ တွေ့ဆုံခဲ့ရာ၌ အာဏာသိမ်းရန် မင်းအောင် လှိုင်ကို မြှောက်ပေးသည့်အထဲ သက်သက်ခိုင်သည်လည်း ရှေ့ဆုံးကပါဝင်ခဲ့ကြောင်း သတင်းထွက် ခဲ့သည်။

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်ခန့် လူကယ်ပြန်ဝန်ကြီးနှင့် ဟိုတယ်ခရီးဝန်ကြီးအဖြစ် ၂၀၂၁ မှ ၂၀၂၅၊ဇန်နဝါရီလကုန်အထိ တာဝန်ထမ်းခွင့်ရခဲ့သည်။