မြန်မာပြည်သူတို့၏အသံ ကမ္ဘာသို့ ဖော်ထုတ်ရန် စစ်တမ်းကောက်ခံ

မြန်မာပြည်သူတို့၏အသံကို ကမ္ဘာသို့ဖော်ထုတ်ရန်အတွက် သဘောထားစစ်တမ်းကောက်ယူနေ ကြောင်း သိရသည်။

၂၀၂၅ နိုဝင်ဘာ မြန်မာလူထု သဘောထားစစ်တမ်းကို နိုဝင်ဘာ၁၆ရက်မှ ၃၀ရက်အထိ ပြည်တွင်း၊ ပြည်ပမှ မြန်မာပြည်သူများအား Japan Myanmar Future Conference က တာဝန်ယူကာ အွန်လိုင်း စစ်တမ်းကောက်ယူနေခြင်းဖြစ်သည်။

“မြန်မာပြည်သူများ၏ အသံကို နိုင်ငံတကာထံ ပေးပို့ရန် အချိန် ရောက်လာပြီ”ဟု Japan Myanmar Future Conference ကဆိုသည်။

စစ်ကော်မရှင် စီစဉ်နေသည့် တရားမဝင်၊အတုအယောင် ရွေးကောက်ပွဲသည် ပြည်သူ့ဆန္ဒကို လုံးဝ ကိုယ်စားမပြုသကဲ့သို့ ဒီမိုကရေစီ စည်းမျဉ်းစည်းကမ်းများနှင့်လည်း ဆန့်ကျင်နေကြောင်း စစ်ကော်မရှင်၏ မမှန်ကန်မှုများကို နိုင်ငံတကာအသိုက်အဝန်းထံ ခိုင်လုံသော သက်သေအထောက်အထားများဖြင့် တင်ပြနိုင်ရန်အတွက် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း သိရ သည်။

“နိုင်ငံတကာက မြန်မာပြည်သူတွေရဲ့ သဘောထားကို သိရှိပြီးဖြစ်ပေမဲ့ သူတို့ရဲ့သိရှိမှုကို ဒီစစ်တမ်း က အချက်အလက်ခိုင်လုံစွာနဲ့ သက်သေပြမယ်လို့ ယုံကြည်ပါတယ်။ဒီစစ်တမ်းထဲကို ဝင်ကြည့်တဲ့အ ခါ မေးခွန်းအားလုံးကို မြန်မာဘာသာနဲ့ မေးမြန်းထားတာတွေ့ရတယ်။ပြီးတော့ စစ်တမ်းဖြေတဲ့သူက ဘာမှ ရေးပြနေစရာမလိုဘဲ အမှန်ခြစ်ပုံစံမျိုး ကလစ်နှိပ်ပေးရုံပဲမို့လို့ ဘယ်သူမဆို အလွယ်တကူ ဝင် ဖြေနိုင်ပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြောသည်။

ယခုစစ်တမ်းသည် စစ်ကော်မရှင်၏ မတရားမှုများနှင့် ပြည်သူ့ဆန္ဒကွာခြားမှုများကို ဖော်ထုတ်သွားမည် ဖြစ်ပြီးမြန်မာပြည်သူတို့၏ အစစ်အမှန်ဆန္ဒကို ဖော်ထုတ်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း Japan Myanmar Future Conference ကထုတ်ပြန်ထားသည်။

ယခုစစ်တမ်းသည် စစ်ကော်မရှင်၏ မတရားမှုများနှင့် ပြည်သူ့ဆန္ဒကွာခြားမှုများကို ဖော်ထုတ်သွား မည် ဖြစ်ပြီးမြန်မာပြည်သူတို့၏ အစစ်အမှန်ဆန္ဒကို ဖော်ထုတ်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း Japan Myanmar Future Conference ကထုတ်ပြန်ထားသည်။

စစ်တမ်းရလဒ်များကို အသုံးချကာ နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိစေရန် နှင့် မြန်မာနိုင်ငံတွင် တရားမျှတမှုနှင့် လွတ်လပ်ခွင့်များ ပြန်လည်ပေါ်ပေါက်လာစေရန် လက်တွေ့ကျသော လှုပ်ရှားမှုများကို ဆက်လက်ကြိုးပမ်းသွားမည်ဟုလည်း ဆိုသည်။