ခဲခိုးတူးနေသော PDF များကို ဗုံးကြဲဟု စစ်လော်ဘီများ သတင်းအတုဖြန့်

ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ကွက်တွင် ခဲခိုးတူးနေသော PDF များကို ဗုံးကြဲရှင်း လင်းဟုဆိုသည့် သတင်းအတု စစ်တပ်လော်ဘီများ ဖြန့်ဝေလျက်ရှိသည်။

စစ်တပ်လော်ဘီ “ရွှေဘ” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ နိုဝင်ဘာ ၂၂ရက် မွန်းလွဲပိုင်းတွင် “ မော်ချီးဒေသက ခဲ လုပ်ကွက်တွေထဲမှာ တရားမဝင် ခဲခိုးတူးနေတဲ့ PDF အကြမ်းဖက်တွေရဲ့ နေရာအတိအကျကို ဗုံးကြဲချေမှုန်း ရှင်း လင်းခဲ့ရာ PDF အကြမ်းဖက်အများအပြား ထိခိုက်သေဆုံး”ဟု(မူရင်းရေးသားချက်) ခေတ်သစ်မီဒီယာသတင်း ကို Screenshot နှင့်အတူ ဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://archive.ph/2DDwK

အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအတုလင့်ခ်များ

Min Din – https://archive.ph/mscJV
ကာနယ်ချစ်ကောင်း – https://archive.ph/d6UEn

စစ်တပ်လော်ဘီများ ဖြန့်ထားသော သတင်းကို အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

စစ်တပ်လော်ဘီများက ခေတ်သစ်မီဒီယာသတင်းလင့်ခ်အား ဖော်ပြထားသဖြင့် ခေတ်သစ်မီဒီယာသတင်းများ ရှာဖွေကြည့်ရာ “မော်ချီးဒေသရှိ ခဲလုပ်ကွက်အတွင်းသို့ စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှု ပြည်သူ ၅ ဦး သေ ဆုံးပြီး အများအပြား ဒဏ်ရာရရှိ” ဟု သတင်းရေးသားထားသည်။

ခေတ်သစ်သတင်းလင့်ခ် – https://bitly.cx/IFRIp

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “မော်ချီးဒေသ ခဲလုပ်ကွက် ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ People’s Spring, Mekong News, Shwe Phee Myay သတင်းမီဒီယာတို့က သတင်းဖြစ်စဉ်အား ဖော်ပြထားသည်။

သတင်းမီဒီယာများတွင် နိုဝင်ဘာ ၂၁ နံနက်ပိုင်း၌ ကရင်နီပြည်နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ် ကွက်တစ်ခုကို စစ်ကောင်စီလေတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၅ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း၊ စစ်ကောင်စီက ဂျက်ဖိုက်တာ ၃ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရရှိသူများပြားပြီး အမျိုးသမီးများလည်း ပါဝင်ကြောင်း ဒေသခံပြည်သူများကို မေးမြန်း၍ သတင်းဖော်ပြထားသည်။

သတင်းလင့်ခ်များ

People’s Spring – https://bitly.cx/5dxZ
Mekong News – https://bitly.cx/yRgC7
Shwe Phee Myay – https://bitly.cx/zYDZI

သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများတွင် ကရင်နီပြည် နယ် ဖားဆောင်းမြို့နယ် မော်ချီးဒေသရှိ ခဲလုပ်ကွက်တစ်ခုပေါ်သို့ စစ်တပ်က လေကြောင်း ဗုံးကြဲခဲ့ဟု ဖော်ပြ ထားကြသည်။

ဗုံးကြဲခံရသဖြင့် သေဆုံးခဲ့သူများသည် ပြည်သူများဖြစ်ကြောင်း သတင်းမီဒီယာများက တညီတညွှတ်ထဲ ရေးသားထား ကြသည်။

ထို့ကြောင့် စစ်တပ်ထောက်ခံသူများက “ခဲခိုးတူးနေသော PDF များကို ဗုံးကြဲ” ဟု ဖြန့်ဝေထားခြင်းသည် သတင်းအတုဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza