ဆေးရုံကို ကာဗာယူပြီး အေအေစစ်စခန်းဖွင့်ထားသဖြင့် စစ်တပ်ဗုံးကြဲဟု လော်ဘီများ သတင်းအမှားဖြန့်

စစ်တပ်အနေဖြင့် ရခိုင်ပြည်နယ် မြောက်ဦးဆေးရုံကို ဗုံးကြဲခြင်းမဟုတ်ဘဲ အေအေစစ်စခန်းကိုသာ ဗုံးကြဲခြင်းဖြစ်ဟု ဆို သည့် အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“Ko Thet” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် စစ်တပ်အနေဖြင့် အရပ်သားများရှိသည့် ဆေးရုံနှင့် စာသင်ကျောင်းများကို ဗုံးကြဲခြင်းမရှိကြောင်း၊ မြောက်ဦးဖြစ်စဉ်မှာ ဆေးရုံကို ကာဗာယူပြီး AA က စစ်စခန်းဖွင့်လှစ်ထားသည့်အတွက် ဗုံးကြဲရခြင်းသာဖြစ်ကြောင်း၊ စစ်အခြေစိုက်စခန်းဖြစ်သည့်အတွက် အရပ်ဘက်ပစ်မှတ်မဟုတ်တော့ဘဲ စစ်ရေးပစ်မှတ်တစ်ခုသာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေထားသည်။

ထိုသို့ ဖြန့်ဝေမှုအား “တိုက်ပွဲသတင်းစုံ၊ MDY image” အပါအဝင် အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/c9Bdx
တိုက်ပွဲသတင်းစုံ – https://archive.ph/kseio
MDY image – https://archive.ph/A8Otu

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

Google တွင် “မြောက်ဦးဆေးရုံ ဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “BBC, Myanmar Now, Mizzima” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။

သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၁၀ ရက် ည ၉ နာရီကျော်တွင် အာရက္ခတပ်တော်(AA) ထိန်းချုပ်ထား သည့် မြောက်ဦးမြို့ရှိ ခရိုင်အဆင့် ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ကြောင်း၊ ဗုံးဒဏ် ကြောင့် ဆေးရုံရှိ အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြင်းထန် ဒဏ် ရာရသူများ ပါဝင်သောကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာနိုင်ကြောင်း၊ သေဆုံးသူများထဲတွင် သုံးလသားအရွယ် ကလေးငယ်တစ်ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ပါဝင်ခဲ့ကြောင်း ဖော်ပြထား သည်။

အပြည့်အစုံကြည့်ရှုရန်>>>

BBC – https://bitly.cx/zfQsQ
Myanmar Now – https://bitly.cx/EGodJ
Mizzima – https://bitly.cx/RhGfe

အာရက္ခတပ်တော်(AA)ကလည်း မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုနှင့် ပတ်သက်၍ ကန့်ကွက်ရှုတ်ချကြောင်း သတင်းထုတ်ပြန်ထားသည်။ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီး ဗုံးကြဲခံရမှုတွင် ဆေးရုံအတွင်း ဆေးကုသမှု ခံယူနေသည့် လူနာ နှင့် လူနာစောင့်များ စုစုပေါင်း ၃၃ ဦး သေဆုံးခဲ့ပြီး ၇၆ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ယခုဖြစ်စဉ်သည် အာရက္ခဒေသအတွင်း စစ်ကော်မရှင် ကျူးလွန်ခဲ့သည့်အထဲ အဆိုးဝါးနှင့် အပြင်းထန်ဆုံး စစ်ရာဇဝတ်မှဒကြီး တစ်ခုဖြစ်ကြောင်း၊ အပြစ်မဲ့ပြည်သူများ အစုလိုက်အပြုံ လိုက် ထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ် တစ်ခုဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>> https://bitly.cx/dMKYz

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ခရိုင်အဆင့် ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က လေကြောင်းတိုက် ခိုက်ခဲ့သဖြင့် အရပ်သား ၃၀ ကျော် သေဆုံးခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ဆေးရုံကို ကာဗာယူထားသည့် AA စစ်စခန်းကို ဗုံးကြဲခြင်းဖြစ်” ဟုဆိုသည့် အကြောင်းအရာမှာ သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza