တရုတ်ဖိအားကြောင့် အပစ်ရပ်ထားသည့် TNLAနှင့် MNDAA တို့က စစ်ကော်မရှင်သည် စစ်ရာဇဝတ် များ ဆက်တိုက်ကျူးလွန်နေကြောင်း ကြေညာချက်ထုတ် ထိုးစစ်ဆင်လိုက်သည်။
မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးအပါအဝင် ရခိုင်ပြည်နယ်အတွင်း ပြည်သူကို ပစ်မှတ်ထား လေ ကြောင်းတိုက်ခိုက် သတ်ဖြတ်နေသည့် စစ်ကော်မရှင်၏ လုပ်ရပ်များသည် စစ်ရာဇဝတ်မှု ဆက်တိုက် ကျူးလွန်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံအား ကျရှုံးနိုင်ငံအဖြစ် အဆုံးစွန်ထိ တွန်းပို့နေခြင်းဖြစ်ကြောင်း တအောင်းတပ်TNLA နှင့် ကိုးကန့်တပ် MNDAA တို့၏ ဒီဇင်ဘာ၁၆ရက် ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။
“တရုတ်ရဲ့ အကျပ်ကိုင်မှုကြောင့် တော်လှန်ရေးရဲဘော်တွေရဲ့ အသက်သွေးများစွာရင်းပြီးမှ ရခဲ့တဲ့ လားရှိုးကို စစ်တပ်လက် ပြန်အပ်ခဲ့ရတဲ့အထိ အညံ့ခံစေ့စပ်ပြီးနောက်ပိုင်း အခုကြေညာချက်ဟာ MNDAAရဲ့ အပြင်းထန်ဆုံး စိန်ခေါ်ချက်ပါပဲ။ဆိုတော့ ဒီကြေညာချက်ကိုကြည့်ရုံနဲ့ TNLA၊ MNDAA တို့ နဲ့ စစ်တပ်ကြား အပစ်ရပ်သဘောတူညီချက် မခိုင်မြဲဘူးဆိုတာ ဖော်ပြနေတယ်။အခုအချိန်မှာ မှန်းဆ ဖို့ စောနေသေးပေမဲ့ တတိယအကျော့ ၁၀၂၇စစ်ဆင်ရေး ပြန်လာမှာလားလို့ မေးခွန်းထုတ်ရမယ့်အ ဆင့်ကိုတော့ ရောက်လာပါတယ်”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
စစ်ကော်မရှင်၏ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ အမြန်ဆုံးရပ်တန့်ရေးအတွက် ကူညီဆောင် ရွက် ပေးကြရန် လူသားချင်းစာနာ ထောက်ထားသော ၊ယဉ်ကျေးသော အဖွဲ့အစည်းဖြစ်သည့် ကုလသ မဂ္ဂနှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအ စိုးရတို့ကို မေတ္တာရပ်ခံကြောင်းလည်း မြောက်ပိုင်းညီနောင်သုံးဖွဲ့ ဝင် TNLAနှင့်MNDAA တို့က ထုတ် ပြန်သည်။
ဒီဇင်ဘာ၁၀ရက်တွင် ရခိုင်ပြည်နယ်၊မြောက်ဦးဆေးရုံကြီး ဗုံးကြဲခံရမှုကြောင့် ဆေးရုံအတွင်း ဆေးကု သမှုခံယူနေသော ကလေးငယ်၊ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ၃၃ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး ၇၇ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ခြင်း၊ ဒီဇင်ဘာ၁၁ရက်တွင် စစ် ဘေးရှောင်များနေထိုင်ရာ ကျောက်ဖြူမြို့နယ်၊ ငလုံးစုအထက်ရွာနှင့် အောက်ရွာကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်သဖြင့် ပြည်သူ၉ဦးသေဆုံးပြီး ၁၅ဦးထက်မနည်း ဒဏ်ရာရခဲ့ခြင်းနှင့် ဒီဇင်ဘာ၁၃ရက်တွင် ကျောက်ဖြူမြို့နယ်၊ကျောက်ကလေကျေးရွာဘုန်းကြီးကျောင်း၊အင်တိုင်းကြီးရွာဘုန်းကြီးကျောင်းနှင့် မင်းရပ်ရွာစာသင်ကျောင်းတို့ကို စစ်တပ်က ဗုံးကြဲခဲ့ခြင်းတို့ကို TNLAနှင့် MNDAA တို့က ကန့်ကွက်ရှုတ်ချခဲ့သည်။
မြောက်ဦးဆေးရုံ ဗုံးကြဲသတ်ဖြတ်မှုကို နိုင်ငံတကာအသိုင်းအဝိုင်းကသာမက အာဆီယံကပါ ပြင်းထန်စွာ ရှုတ်ချ ခဲ့သော်လည်း မြောက်ဦးဆေးရုံတွင် AA နှင့် တော်လှန်ရေးတပ်များ စစ်စခန်းအဖြစ် သုံးနေသောကြောင့် ဗုံးကြဲခဲ့ ခြင်းဖြစ်ကြောင်းနှင့် ရခိုင်ဒေသအတွင်း အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးများ လိုအပ်သလိုဆက်လုပ်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ၁၂ရက်တွင် စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
