ရန်ကုန်မြို့တွင် လုပ်သားရှားပါးခြင်းပြဿနာကို လုပ်ငန်းရှင်များ အကြီးအကျယ်ရင်ဆိုင်နေရ ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ လူငယ်များစွာတို့မှာ စစ်မှုထမ်းဥပဒေကြောင့် ပြည်ပသို့ အလုံးအရင်းဖြင့် ထွက်ခွာ နေကြသောကြောင့် ကျွမ်းကျင်လုပ်သားရော အကြမ်းထည်အလုပ်သမားများပါ ရှားပါးနေပြီဖြစ် ကြောင်း အီလက်ထရောနစ်လုပ်ငန်းရှင်တစ်ဦးထံက သိရသည်။
“အာဏာသိမ်းပြီးကတည်းက တောက်လျှောက် အလုပ်တွေမကောင်းလို့ ကိုယ်တွေလည်း အများကြီး မပေးနိုင်ဘူး။ပေးနိုင်လည်း လူမရှိတော့ဘူး။နေစရာ စားစရာပေးတယ်။တစ်နေ့ တစ်သောင်းခွဲပေး တယ်။အကြမ်းသမား။အဲဒါ လူမရှိလို့ အသက်မပြည့်သေးတဲ့လူလည်း ခန့်ထားရတယ်”ဟု ၎င်းက MPAသို့ပြောသည်။
အာဏာမသိမ်းမီက ဝန်ထမ်းအင်အား ၆၀ကျော်ရှိသည့် ၎င်း၏ကုမ္ပဏီသည် ယခုအခါ ဝန်ထမ်း ၁၀ဦး ကျော်ဖြင့်သာ ကုမ္ပဏီမပြုတ်ရေးအတွက် ရုန်းကန်နေရကြောင်းလည်း ဆိုသည်။
ရန်ကုန်အခြေစိုက် ဝါယာရိန်းလုပ်ငန်းရှင်တစ်ဦးကလည်း လိုင်းကား၃ဆင့် စီးရသော ရန်ကုန်မြို့စွန် တွင် အလုပ်လုပ်ရမည်ဆိုပါက အလုပ်သမားရှာရ ခက်ကြောင်း ဆိုသည်။
“အကြမ်းသမားကို ကျနော်တို့ပေးနိုင်တာက တစ်နေ့ ၂သောင်းခွဲ။ကား၃ဆင့်စီးရရင် ကားခနဲ့ စားတာ သောက်တာနဲ့ တစ်သောင်းလောက်ပြုတ်ပြီဆိုတော့ လိုက်မလုပ်ချင်တော့ဘူး။ပြီးတော့ ညနေဆို ၄ နာရီလောက် အလုပ်သိမ်းမှ လိုင်ကားရတယ်။ပေါ်တာလည်း သိပ်မကြောက်ရဘူး။လူရှာရတာ တော် တော်မလွယ်ဘူး”ဟု ၎င်းက ဆိုသည်။
နယ်မြို့များတွင် ဝါယာရိန်းရိုက်ရန် ကန်ထရိုက်ရသော်လည်း လိုက်လုပ်ရဲသည့် အလုပ်သမား မရှိသဖြင့် အလုပ်လက်မခံဖြစ်တော့ကြောင်း သိရသည်။
“ကျွမ်းကျင်တဲ့သူဆို ရန်ကုန်အလုပ်ဆို တစ်နေ့ ၄သောင်းခွဲထိ ပေးတယ်။နယ်ဆိုဒ်ဆို ၅သောင်းထိ ပေးတယ်။ဒါပေမဲ့၊ ပေါ်တာဆွဲခံရမှာ ကြောက်လို့ နယ်ဆိုဒ်ဆို မလိုက်ကြဘူး။ကိုယ်လည်း သူတို့လုံခြုံ ရေးမပြောနဲ့၊ကိုယ့်လုံခြုံရေးကိုယ်တောင် တာဝန်မယူနိုင်ဘူး”ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာသော လူငယ် ရာခိုင်နှုန်း၈၀ကျော်သည် စစ်မှုထမ်းဥပဒေကြောင့်ဖြစ်ပြီး အာဏာသိမ်းပြီးနောက် ၂၀၂၄ခုနှစ်အထိ လူငယ်များ၏ ရွှေ့ပြောင်းမှုမှာ ၄၅ဒဿမ၉ရာခိုင်နှုန်းသာ ရှိ ခဲ့ရာမှ ၂၀၂၄ခုနှစ်နောက်ပိုင်း၌ လူငယ်များ၏ ရွှေ့ပြောင်းမှုမှာ ၆၂ဒဿမ၅ရာခိုင်နှုန်းအထိ မြင့်တက် လာကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့က ထုတ်ပြန်သည့် ‘မြန်မာကို လေးစား’သုတေ သန စစ်တမ်း၌ ဖော်ပြထားသည်။
