စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးဟူ၍ စစ်တပ် လော်ဘီ တယ်လီဂရမ်ချန်နယ်များက သတင်းအတုများ ဖြန့်ဝေထားကြသည်။
စစ်တပ်လော်ဘီ “ နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၂၀ရက် ညနေပိုင်းတွင် မီးလောင်ပြာ ကျနေသော နေအိမ်များကို ရိုက်ကူးထားသော ရုပ်သံဖိုင်နှင့်အတူ ယင်းမာပင်မြို့နယ်ရှိ ရွာများကို PLA , BNRA, PDF အဖွဲ့တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအတုလင့်ခ်များ
နေပြည်တော် – https://archive.ph/cJjxi
Truth Media – https://archive.ph/Uvkxk
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို MPA က အချက်အလက်စစ်ဆေးကြည့်ရာ ဖြစ်စဉ် အမှန်ကို ဖုံးကွယ်၍ လုပ်ကြံဖန်တီးထားသော သတင်းအတု ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “ယင်းမာပင်မြို့နယ်တွင် ရွာများ မီးရှို့ခံရ” ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီ ယာများက စစ်ကော်မရှင် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားကြသည်။
MFP သတင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်နှင့် ကနီမြို့နယ်အစပ်ရှိ ကျေးရွာများကို ဒီဇင် ဘာ ၁၆ရက်မှ စတင်ကာ လေကြောင်းပစ်ကူနှင့် စစ်ကြောင်းထိုးသော စစ်အုပ်စုက လေးရက်အတွင်း ကျေးရွာ ခြောက်ရွာကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို ဖောက်ထွင်းခိုးယူခဲ့ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံလင့်ခ် – https://bitly.cx/qNFd
Myanmar Now သတင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွာများကို စစ်တပ်စစ်ကြောင်းက ဒီဇင်ဘာ လ ၁၇ရက်နှင့် ၁၈ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သဖြင့် အိမ်ခြေ ၂၀၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်တပ်စစ် ကြောင်းသည် ကျောက်ကုန်း၊ အင်းဘတ်၊ နှောပင်၊ ကျောက်မှော်၊ ကျွန်းပေါ်၊ အင်းဖျား၊ ကြက်လျှာနှင့် ပန်းတိမ် ပြင်စသည့် ကျေးရွာ ၈ရွာကို မီးတင်ရှို့ခဲ့သောကြောင့် အိမ်ခြေ ၂၃၈လုံး မီးလောင်ပျက်စီးသွားကြောင်း ကာကွယ် ရေးတပ်ဖွဲ့များနှင့် ဒေသခံများ ပြုစုထားသောစာရင်းများကို ကိုးကား၍ သတင်းရေးသားထားသည်။
သတင်းအပြည့်အစုံလင့်ခ် – https://bitly.cx/X3Y7P
People’s Spring သတင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်က ၃ရက်အတွင်း ကျေးရွာ ၈ရွာ ကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် ဒေသခံ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ မီးရှို့ခံရတဲ့ရွာများ အ ပြင် စုစုပေါင်း ကျေးရွာ ၁၀ ရွာခန့် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်များအတွက် စားနပ်ရိက္ခာလိုအပ်မှု များ ရှိနေကြောင်း သတင်းရေးသားထားသည်။
သတင်းလင့်ခ် အပြည့်အစုံ – https://bitly.cx/MVK54
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ယင်းမာပင်မြို့နယ်ရှိ ရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေးသားဖော်ပြထား ကြသည်။
ထို့ကြောင့် ယင်းမာပင်မြို့နယ်ရှိ ရွာများကို တော်လှန်ရေးတပ်ဖွဲ့များက မီးရှို့ဖျက်ဆီးဟူ၍ စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတုဖြန့်ဝေထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
