တောင်ကိုရီးယားအရပ်ဘက်အဖွဲ့ ၁၀၀ကျော်တို့က စစ်အုပ်စု အတုအယောင်ရွေးကောက်ပွဲကို ပြင်းထန်စွာ ရှုတ်ချခဲ့ကြသည်။
တောင်ကိုရီးယားနိုင်ငံဒေသအသီးသီးရှိ အရပ်ဘက်အဖွဲ့ ၁၀၆ဖွဲ့ပါဝင်သည့် “မြန်မာ့ဒီမိုကရေစီအ ရေး ထောက်ခံအားပေးသော ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက်” သည် ယနေ့(ဒီဇင်ဘာ၂၃ ရက်)တွင် ဆိုးလ်မြို့ရှိ စစ်ကော်မရှင်သံရုံးရှေ့၌ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ပြီးနောက် အတုအ ယောင်ရွေးကောက်ပွဲအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်စာကို စစ်ကော်မရှင်သံရုံးသို့ ပေးအပ်ခဲ့ကြောင်း စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ-ကိုရီးယားက ထုတ်ပြန်သည်။
“သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကတော့ စစ်အုပ်စုက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲပေါ့နော်။ဒီကိစ္စကို ကိုရီးယားပြည်သူတွေ ပိုပြီးတော့ ထဲထဲဝင်ဝင် ပါဝင်သိရှိလာအောင် ဖြစ်တယ်။ စစ်အုပ်စုကလုပ်တဲ့ ရွေးကောက်ပွဲဆိုတာ ပြည်သူလူထုဆန္ဒကို ကိုယ်စားမပြုတဲ့အပြင် သူ တို့ရဲ့ တရားမဝင်အာဏာသိမ်းမှုကို အကြမ်းဖက်နေတဲ့ကိစ္စတွေကို သက်တမ်းတိုးဖို့လုပ်တဲ့ အတုအ ယောင်လှည့်ကွက်တစ်ခုလည်း ဖြစ်တယ်။ဒါကြောင့်မို့ ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းတွေက ရွေး ကောက်ပွဲရဲ့ မတရားမှုတွေကို ကမ္ဘာကို သိရှိအောင် ဆက်လက်အသံထွက်ပေးကြဖို့၊ မြန်မာပြည်သူ တွေရဲ့ စစ်မှန်တဲ့ ဆန္ဒထုတ်ဖော်မှု အသံတွေကို ပိုပြီး သိရှိအောင် ဆောင်ရွက်ပေးကြတဲ့ အပိုင်းဖြစ်ပါ တယ်ဗျ”ဟု ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီဝင် ဦးကျော်ဆန်းက MPA သို့ ပြောသည်။
ကိုရီးယားအရပ်ဘက်အဖွဲ့များက “သွေးစွန်းနေသော မဲပုံးထဲတွင် ဒီမိုကရေစီမရှိနိုင်”ဆိုသည့် ခေါင်း စဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ခြင်းဖြစ်ပြီး တောင်ကိုရီးယားအစိုးရအား မြန်မာစစ်တပ်၏ အ တုအယောင်ရွေးကောက်ပွဲကို အသိအမှတ်ပြု ထောက်ခံခြင်းမပြုရန်၊ ရွေးကောက်ပွဲအပြီးတွင် စစ် တပ်နှင့် ပူးပေါင်းဆောင်ရွက်မှု မတိုးချဲ့ရန်နှင့် ကိုရီးယားလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုများ မချဲ့ထွင် ရန် အလေးအနက်တောင်းဆိုခဲ့ကြောင်း ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှုကော်မတီက ထုတ်ပြန်ထားသည်။
ကိုရီးယား အရပ်ဘက်အဖွဲ့များက စစ်ကော်မရှင် အာဏာမှ ချက်ချင်းဆင်းပေးရန်နှင့် မြန်မာပြည် သူများ၏ ဆင်းရဲဒုက္ခများကို အဆုံးသတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။
ယင်းသတင်းစာရှင်းလင်းပွဲသို့ တောင်ကိုရီးယားသတင်းဌာန၂ခုမှ သတင်းထောက်များက သတင်း လာယူကြပြီး ကိုရီးယားအရပ်ဘက်အဖွဲ့များမှ တာဝန်ခံ ၁၀ဦးနှင့် ရွေးကောက်ပွဲဆန့်ကျင်ရေး ပူး ပေါင်းလှုပ်ရှားမှုကော်မတီမှ တာဝန်ခံ အယောက်၂၀ ကျော် တက်ရောက်ခဲ့သည်။
မြန်မာ့ဒီမိုကရေစီအ ရေး ထောက်ခံအားပေးသော ကိုရီးယားအရပ်ဘက်အဖွဲ့အစည်းများ ကွန်ရက် တွင် တောင်ကိုရီးယားနိုင်ငံ ဒေသအသီးသီးရှိ လူမှုရေး၊ဘာသာရေး၊နိုင်ငံရေး၊လူ့အခွင့်အရေး စသည့် အဖွဲ့များ ပါဝင်ကြောင်း သိရသည်။
မကြာသေးမီကလည်း တောင်ကိုရီးယားနိုင်ငံ၏ အာဏာရပါတီနှင့် အတိုက်အခံပါတီ အမတ်များက စစ်အုပ်စု၏ တရားမဝင်ရွေးကောက်ပွဲကို ရှုတ်ချကန့်ကွက်စာထုတ်ပြန်ခဲ့သေးသည်။
